BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ်ဆွေဟောင်းလို့ တရုတ်ပြော
ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြဖို့ "Proof of life" လှုပ်ရှားမှုဆက်ရှိနေဆဲဆိုတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် မေ ၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊တရုတ်အထိုင်နဲ့ နေပြည်တော်ရဲ့ ရွှေ့ကွက်
ရက်ပေါင်း ၁,၉၀၀ ကျော်( ၅ နှစ်ကျော်ကြာ)အကျဥ်းချခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက်ဓာတ်ပုံတစ်ပုံကို ''ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်''ဆိုတဲ့သတင်းနဲ့အတူနေပြည်တော်က ထုတ်ပြလာပါတယ်။
ကဆုန်လပြည့်လွတ်ငြိမ်း ဒေါ်အောင်ဆန်းစုကြည်မပါပြန်
ကုလသမဂ္ဂနဲ့ အာဆီယံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းမှုလုပ်နေပေမဲ့ ကဆုန်လပြည့်နေ့လွတ်ငြိမ်းမှာလည်း စစ်တပ်ကသူ့ကိုပြန်လွှတ်မပေးသေးပါဘူး။
ကဆုန်လပြည့်အထိမ်းအမှတ် အကျဉ်းသား ၁၅၀၀ ကျော်လွှတ်ပေး
အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးက နိင်ငံရေးအကျဉ်းသား/သူ ၁၅၀၀ ကျော်ကို ကဆုန်လပြည့်အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းပေးတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
အမျိုးသားနှစ်ယောက်ရဲ့ကိုယ်ဝန်ကို တပြိုင်နက်ဆောင်ခဲ့တဲ့အမျိုးသမီး
အမွှာလေးတွေရဲ့မိခင်က တစ်ဦးယောက်တည်းပါ။ ဖခင်ကတော့ ၂ယောက် ဖြစ်နေတာကို သုတေသီတွေ တွေ့လိုက်ရပါတယ်။
မြန်မာကျပ် မလို တရုတ်ယွမ်သာလိုတဲ့ ရှမ်းပြည်က နယ်စပ်မြို့တွေ
တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)က တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ မြို့တွေမှာ မြန်မာငွေကြေး ကျပ်ငွေထက် တရုတ်ငွေ (ယွမ်)က ပိုပြီး ဦးစားပေးဖြစ်လာပါတယ်။ အဲဒီ မြို့တွေမှာ ကျပ်ငွေအစား ယွမ်ငွေကိုပဲ ဘာလို့ သုံးလာကြတာလဲ။
Opec ကနေ ယူအေအီး နုတ်ထွက်တာ စိုးရိမ်စရာလား
လက်ရှိမှာဖြစ်နေတဲ့ ရေနံဆိုင်ရာ ပိတ်ဆို့မှုတွေအပေါ်မှာတော့ သက်ရောက်မှုနည်းနည်းပဲ ရှိပါလိမ့်မယ်။ တကယ့်အပြောင်းအလဲဖြစ်စေမှာက နောက်ပိုင်းကိစ္စတွေဖြစ်ပါတယ်။
မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ်
မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ် တဲ့ သတင်းအပါအဝင် ဧပြီ ၂၉ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟောင်းရဲ့အစိုးရသစ်လက်ထက် BRI စီမံကိန်းပြီးရေး တရုတ်ခြေလှမ်းနေလား
တရုတ်က မြန်မာမှာရှိတဲ့သူ့စီမံကိန်းတွေကို အရှိန်မြှင့် အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေပြီး အဲဒီစီမံကိန်းတွေထဲမှာ တရုတ်အတွက် မလက္ကာရေလက်ကြားကို မှီခိုနေရတာကို လျှော့ချနိုင်မယ့် ဒေါ်လာ ဘီလျံချီ ကျောက်ဖြူ - မူဆယ်- ကူမင်း ကုန်ရထားလမ်းကြီးလည်း ပါဝင်နေပါတယ်။
ဓာတ်ပုံစုစည်းချက် - ချားလ်စ်ဘုရင်နဲ့ မိဖုရား ကမီလာတို့ရဲ့အမေရိကန်ခရီးအစ
၅ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ကို ရောက်ရှိလာတဲ့ တတိယမြောက် ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော်မိဖုရား ကမီလာတို့ကို စစ်တီးဝိုင်းနဲ့ ကြိုဆိုပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြုပါတယ်။
ကျားဖြန့်ကြောင့် ဝ တပ် အရာရှိ ၂ ဦး ရာထူးဖြုတ်ခံရပြီး ထောင် ၃ နှစ်ချမှတ်ခံရ
ဝပြည် တရားရေးကော်မတီရဲ့အရာရှိ ၂ ဦးဟာ ရာထူးကိုအသုံးချကာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုပြီး ရရှိထားတဲ့ရာထူးအားလုံးက ထုတ်ပယ်ကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တဲ့သတင်းအပါအဝင် ဧပြီ ၂၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မိတ် အင် ချိုင်းနား လှိုင်းသစ်
မိတ် အင် ချိုင်းနား(တရုတ်ပြည်တွင် ထုတ်လုပ်သည်)လို့ ဆိုတာနဲ့ စျေးပေါမယ်၊ အရည်အသွေးကတော့ သိပ်မကောင်းဘူးလို့ မြင်ထားကြပေမဲ့ လူကြိုက်များလာတဲ့ တရုတ်ကုန်အမှတ်တံဆိပ်တွေ ပေါ်ထွန်း ထွက်ပေါ်နေပါပြီ။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
IMEI မှတ်ပုံတင်စနစ်ကြောင့် မိုဘိုင်းဖုန်းဈေး ဘယ်လောက်မြင့်သွားမလဲ
မိုဘိုင်းဖုန်းတွေကို အခွန် ၁၂ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းအထိ ဆောင်ရမယ့် ဗဟိုမိုဘိုင်း စက်ပစ္စည်းမှတ်ပုံတင်စနစ်(CEIR)ကို စစ်ကော်မရှင်က ကြေညာလိုက်ပြီးတဲ့နောက် ဖုန်းဈေးတွေ တဟုန်ထိုးတက်သွားခဲ့ပါတယ်။ စစ်ကော်မရှင် အသစ်တိုးကောက်မယ့် အခွန်နှုန်းထားတွေကြောင့် မိုဘိုင်းဖုန်းဈေးတွေ ဘယ်လောက်ထိ တက်သွားသလဲ။ ဒါကို လုပ်ငန်းရှင်တွေနဲ့ သုံးစွဲသူတွေဘက်ကရော ဘယ်လိုတုံ့ပြန်ကြပါသလဲ။
ပြည်တွင်းထုတ်ကုန်နည်းတဲ့ မြန်မာ၊ ကမောက်ကမ မူဝါဒနဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေး
မြဝတီလမ်းသစ်လို့သိကြတဲ့ အမှတ် ၁ အာရှလမ်းမကြီးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်မှာ ပြန်ဖွင့်ခဲ့ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း တရားဝင်ပြန်ဖွင့်နိုင်ဖို့အတွက် စစ်ကော်မရှင်က စိုင်းပြင်း နေပါတယ်။
၁၇ နှစ် ပြည့် အေအေ-ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံဖော်နေတဲ့ ရခိုင်ပြည်
ရခိုင်ဒေသဟာ လူမျိုးစုတွေနဲ့စုဖွဲ့ထားတဲ့ဒေသတစ်ခုဆိုပေမဲ့ ရခိုင်မျိုးနွယ်စုတွေသီးသန့် တည်ရှိတဲ့ဒေသဖြစ်ပါတယ်။ ဒါက အာရက္ခတပ်တော် (အေအေ) ရဲ့ ထိုးစစ်တွေအောင်မြင်ဖို့ အရေးပါတဲ့အချက်ဖြစ်ခဲ့ပါတယ်။
လူသေဆုံးမှုဆယ်ချီရှိတဲ့ "ဝ" ဒေသက ယမ်းချက်စက်ရုံပေါက်ကွဲမှု
ပေါက်ကွဲမှုဖြစ်တဲ့စက်ရုံဟာ တရုတ်နိုင်ငံသား ဦးဆောင်လည်ပတ်နေတဲ့စက်ရုံလို့ မြေပြင်သတင်းရင်းမြစ်က ပြောပြီး စက်ရုံရဲ့ တာဝန်ရှိသူ တရုတ်နိုင်ငံသားတစ်ဦးကို "ဝ"တပ်ဖွဲ့ဘက်က ဖမ်းဆီးထားပါတယ်။
ပေါက်နဲ့ မြိုင်က ရေနံမြေလွန်ဆွဲပွဲ
မကွေးတိုင်းထဲက ပေါက်နဲ့ မြိုင်က ရေနံမြေဟာ NUG အစိုးရရဲ့ဝင်ငွေအတွက် အရေးကြီးတဲ့သယံဇာတဖြစ်လို့ NUG က ပြည်ထောင်စုအဆင့် စီမံခန့်ခွဲချင်သလို ဒေသခံ(ပသုံးလုံး)တော်လှန်ရေးအဖွဲ့တွေကလည်းသူတို့ထိန်းချုပ်ထားတဲ့အရင်းအမြစ်ကို လက်မလွှတ်ချင်ကြတဲ့လွန်ဆွဲမှုရှိနေကြပါတယ်။


























































