ငွေလိမ်ဂိုဏ်း ဦးဆောင်တဲ့ တရုတ် နိုင်ငံသား ၂ ယောက်ကို အမေရိကန်က အမှုဖွင့်ထား

ဗီဒီယို ပုံစာ, ငွေလိမ်ဂိုဏ်း ဦးဆောင်တဲ့ တရုတ် နိုင်ငံသား ၂ ယောက်ကို အမေရိကန်က အမှုဖွင့်ထား
ငွေလိမ်ဂိုဏ်း ဦးဆောင်တဲ့ တရုတ် နိုင်ငံသား ၂ ယောက်ကို အမေရိကန်က အမှုဖွင့်ထား

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ထိုင်း မြန်မာ နယ်စပ်က မင်းလက်ပံလို့ခေါ်တဲ့နေရာက အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဦးဆောင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၂ ဦးကို အမေရိကန် အွန်လိုင်း ငွေလိမ်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က အမှုဖွင့် ထားပါတယ်။ ဒီတရုတ်နိုင်ငံသားနှစ်ဦးဟာ ကမ္ဘောဒီယားကနေ ထိုင်းကိုဖြတ်ပြီး မြန်မာကို ပြန်အဝင်မှာ ထိုင်းနိုင်ငံက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်တဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သတင်းပေးဖို့လည်း အမေရိကန်အစိုးရက ဒေါ်လာ ၁၀သန်း ဆုကြေး ထုတ်ထားပါတယ်။ ကိုဟိန်းကိုစိုးကပြောပြမှာပါ။