Shop.Com.MM လုပ်ငန်းတွေရပ်ဆိုင်းတော့မယ်
Shop.Com.MM လုပ်ငန်းတွေရပ်ဆိုင်းတော့မယ်
ကမ္ဘာကျော် တရုတ် အွန်လိုင်း ဈေးဝယ် ကုမ္ပဏီကြီးဖြစ်တဲ့ Alibaba ရဲ့ လက်အောက်ခံ လုပ်ငန်းခွဲဖြစ်တဲ့ Shop.Com.MM ဆိုတဲ့ မြန်မာနိုင်ငံက အကြီးဆုံးအွန်လိုင်းရှော့ပင်းလုပ်ငန်းဟာ မနက်ဖြန်နောက်ပိုင်း လုပ်ငန်းတွေရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချမှတ်ခဲ့တာမဟုတ်ဘူးလို့ ပြောထားပေမဲ့ ဘာကြောင့် အခုလို ရပ်သွားသလဲဆိုတာတော့ ထည့်မပြောထားပါဘူး။ မြန်မာနိုင်ငံမှာ နှစ်အတော်ကြာ လူတိုင်းနီးပါးအတွက် ဈေးဝယ်ဖို့အဆင်ပြေခဲ့တဲ့ ဒီလိုလုပ်ငန်းကြီး ဘာကြောင့် ရပ်နားဖို့ဆုံးဖြတ်ခဲ့ရတာပါလဲ။ ဒီအကြောင်း မသင်းသင်းနွယ်က စုစည်းပြောပြပေးမှာပါ။



