နေတိုးအဖွဲ့ အရေးပါမှု ချားလ်စ်ဘုရင် ပြောကြား

ဗီဒီယို ပုံစာ, နေတိုးအဖွဲ့ အရေးပါမှု ချားလ်စ်ဘုရင် ပြောကြား
နေတိုးအဖွဲ့ အရေးပါမှု ချားလ်စ်ဘုရင် ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဗြိတိသျှဘုရင်မင်းမြတ် တတိယမြောက်ချားလ်စ်နဲ့ ကြင်ရာတော် ကမီလာ မိဖုရား တို့ကို တည်ခင်း ဧည့်ခံတဲ့ ညစာ စားပွဲမှာ ယူကေနဲ့ အမေရိကန် ပြည်ထောင်စု အကြားက ဆက်ဆံရေးမျိုး ကမ္ဘာမှာ ဘယ်မှာမှ မရှိနိုင်ဘူးလို့ ပြောပါတယ်။ ချားလ်စ်ဘုရင်ကလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ အတ္တလန္တိတ် ဖြတ်ကျော် သမိုင်းကြောင်းတွေ အကြောင်းကို ဟာသနှောရင်း နေတိုး မဟာမိတ်အဖွဲ့ရဲ့ အရေးပါပုံကိုပါ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် လွှတ်တော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာလည်း ချားလ်စ်ဘုရင်က ဒီအကြောင်းကို ထည့်ပြောခဲ့ပါတယ်။ ချားလ်စ်ဘုရင်နဲ့ ကြင်ရာတော် ကမီလာ မိဖုရားတို့ဟာ အမေရိကန် လွတ်လပ်ရေး ကြေညာခဲ့တဲ့ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စုကို ၄ ရက်ကြာ ခရီးစဉ်နဲ့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ တော်ဝင် ဇနီးမောင်နှံဟာ နယူးယောက်မြို့ကိုလည်း သွားရောက်မှာဖြစ်ပြီး အဲဒီမှာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံး ခဲ့ရသူတွေအတွက် အောက်မေ့ဖွယ်ကို ကျင်းပဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ တော်ဝင်ရေးရာ သတင်းထောက် ဒန်ညယ်လာ ရဲလ်ဖ်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။