အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲပစ်ခတ်သူကို ရုံးထုတ်မယ်
အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲပစ်ခတ်သူကို ရုံးထုတ်မယ်
စနေနေ့က ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော် သတင်းထောက်များအသင်းရဲ့ ညစာစားပွဲမှာ ဝင်ရောက်ပစ်ခတ်တယ်လို့ စွပ်စွဲထားတဲ့သူကို ဒီနေ့ ရုံးထုတ်ဖို့ ရှိပါတယ်။ သမ္မတထရမ့် သူ့ရဲ့ လူမှုကွန်ရက် ထရု ပေါ်မှာ တင်ထားတဲ့ စီစီတီဗီ လုံခြုံရေးကင်မရာတွေထဲက ပုံရိပ်တွေမှာတော့ အဲဒီ လက်နက်ကိုင်ဆောင်ထားတဲ့သူက လုံခြုံရေးတွေကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အဲဒီ စနေနေ့က ကျင်းပခဲ့တဲ့ ညစာစားပွဲကို တက်ရောက်ခဲ့သူတွေထဲမှာ ဘီဘီစီရဲ့ နိုင်ငံခြားရေးရာ သတင်းထောက် တွမ် ဘိတ်မန်းလည်း ပါဝင်ပါတယ်။ သူပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



