အီရတ် စစ်အခြေစိုက် စခန်းကို အီရန် ဒရုန်းတွေနဲ့ ပစ်ခတ်
အီရတ် စစ်အခြေစိုက် စခန်းကို အီရန် ဒရုန်းတွေနဲ့ ပစ်ခတ်
အီရတ်နိုင်ငံ ထဲက စစ်အခြေစိုက်စခန်းတစ်ခုမှာ ရှိတဲ့ ဗြိတိသျှ စစ်သားတွေဟာ အမေရိကန်နဲ့ အီရန် စစ်ပွဲ အတွင်း အီရန်က ပစ်ခတ် လိုက်တဲ့ ဒရုန်း အစင်းရေး တစ်ရာကျော်ကို ပစ်ချ ခဲ့ရပါတယ်။ အပစ်အခတ် ရပ်စဲရေး မလုပ်ခင်က အဲဒီနေရာဟာ တစ်နေ့ကို ဒရုန်းတွေ၊ ဒုံးကျည် အစင်းရေ ၃၀ လောက်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဗြိတိန် နဲ့ အမေရိကန် တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ အဲဒီ မဟာမိတ် စစ်အခြေစိုက် စခန်းကို အီရန် ပဋိပက္ခကြီး စတင် ဖြစ်ပွားပြီးနောက်မှာ ဘီဘီစီက ပထမဆုံး ဝင်ရောက် လေ့လာနိုင်ခဲ့ပါတယ်။ ဘီဘီစီ ကာကွယ်ရေး ဆိုင်ရာ သတင်းထောက် ဂျိုနသန် ဘီးလ် ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးထားပါတယ်။



