မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အီးယူသက်တမ်းတိုး

ဗီဒီယို ပုံစာ, မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အီးယူသက်တမ်းတိုး
မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အီးယူသက်တမ်းတိုး

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိတာနဲ့၊ ဒီမိုကရေစီ ပျက်သုဉ်းစေတဲ့ ဖြစ်ရပ်တွေ ဆက်ရှိနေတာကြောင့် မြန်မာ စစ်ခေါင်းဆောင်ပိုင်းတွေနဲ့ ဆက်စပ်သူတွေ၊ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီတွေအပါအဝင် လူပုဂ္ဂိုလ်တွေအပေါ် ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူမှုသက်တမ်း ဆက်တိုးလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကလည်း မြန်မာကို အရေးယူမှုတွေ ဆက်လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒီလို ဖိအားတွေ ဆက်ရှိနေတာက ရက် ၁၀၀ အတွင်း နိုင်ငံတကာနဲ့ ပြန်ပြီး ဝင်ဆံ့အောင်နဲ့ အာဆီယံမှာ နေရာပြန်ရအောင် ကြိုးစားမယ်လို့ပြောထားတဲ့ အသွင်ပြောင်း အစိုးရအပေါ် ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်မလဲ။ အပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။