BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှုလုပ်မယ်လို့ သပိတ်အင်အားစုတွေပြော
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ် မပြည့်ခင်ရက်ပိုင်းအလိုမှာတော့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မွေးနေ့လှုပ်ရှားမှုတွေကို ပြည်တွင်းပြည်ပမှာဆက်တိုက်တွေ့လာရတဲ့ သတင်းအပါအဝင် ဇွန် ၁၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ထုတ်လွှင့်ပေးနေပါပြီ။
စပိန်သွင်းတဲ့ ဂိုးတွေကို အကြိမ်ကြိမ် ကာကွယ်ခဲ့တဲ့ အသက် ၄၀ အရွယ် ကိပ်ဗာဒီဂိုးသမား
ကမ္ဘာ့ဖလား အသင်းကြီး စပိန်ကို ဂိုးမပေးရအောင် အကြိမ်ကြိမ် ခုခံပြီး ဂိုးမရှိသရေနဲ့ ပွဲပြီးစေခဲ့တဲ့ ကိပ်ဗာဒီအသင်းက အသက် ၄၀ အရွယ် ဂိုးသမားကို ကမ္ဘာတစ်ဝန်းက ချီးမွမ်းထောပနာ ပြုနေကြပါတယ်။
အီရန်နဲ့သဘောတူညီချက်ကို ထရမ့်ကြေညာပေမဲ့ အန္တရာယ်နဲ့ မေးခွန်းတွေဆက်ရှိနေ
အီရန်နဲ့ သဘောတူညီမှု ရသွားပြီဆိုတဲ့ကြေညာချက်က ထရမ့်ရဲ့ အသက် ၈၀ မွေးနေ့လက်ဆောင် ဖြစ်သွားခဲ့ပေမဲ့ အောင်မြင်မလား၊ မအောင်မြင်မလားဆိုတာက ထွက်ပေါ်လာမယ့် အသေးစိတ်အချက်အလက််တွေပေါ် မူတည်နေပါတယ်။
မကွေးတိုင်း - စစ်တပ်နဲ့ တော်လှန်ရေးအတွက် ထောက်ပံ့ရေးဗဟိုချက်
မကွေးတိုင်းဟာ ချင်းတောင်တန်း၊ ရခိုင်ရိုးမ၊ စစ်ကိုင်းအညာနဲ့ ပဲခူးအထိပါ နယ်နိမိတ်ထိစပ်နေလို့ စစ်တပ်ရော တော်လှန်ရေးအတွက်ပါ ဆက်သွယ်ရေး ဗဟိုချက်တစ်ခု ဖြစ်ပါတယ်။
‘‘ဖိုက်တာဘဝ အနားယူတဲ့အထိ ချန်ပီယံခါးပတ်ကို ကာကွယ်မယ်’’- ဗန်
ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကြားကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲ၊‘ဖိုက်တာဘဝကနေ အနားယူတဲ့အထိ ချန်ပီယံခါးပတ်ကို ကာကွယ်မယ်’ လို့ UFC ဖိုက်တာ ဂျော့ရှုဝါဗန်ပြောတဲ့သတင်းအပါအဝင် ဇွန် ၁၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ထုတ်လွှင့်ပေးနေပါပြီ။
လူဦးရေ ဆယ်သန်း ကန့်သတ်ဖို့အဆို ဆွစ်ပြည်သူတွေပယ်ချ - အစောပိုင်းစစ်တမ်းတွေအရ သိရ
မဲအားလုံးကို မရေတွက်ရသေးပေမဲ့ လက်ရှိမဲရလဒ်တွေအရ ဆွစ်ဇာလန်နိုင်ငံမှာ လူဦးရေကန့်သတ်ထားဖို့ အဆိုကို ကန့်ကွက်သူ ၅၅ ရာခိုင်နှုန်းရှိတယ်လို့ အစောပိုင်း စစ်တမ်းတွေအရ သိရပါတယ်။
တရုတ်နဲ့နယ်စပ်က မူဆယ်မှာ ကျားဖြန့်ကို စစ်တပ်ဖမ်းပေမဲ့ အမြစ်မပြတ်တာဘာကြောင့်လဲ
နေပြည်တော် ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ စစ်တပ်က ရှမ်းမြောက်က တရုတ်- မြန်မာနယ်စပ်မြို့ မူဆယ်မှာ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) နေရာ ၂ ခုကို တစ်နေ့တည်းမှာ ဆက်တိုက် စီးနင်း လိုက်ပါတယ်။
ဇွန် ၁၄ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - နအဖခေတ်ထက် ပိုကြီးတဲ့နီလာကိုရရှိတယ်လို့နေပြည်တော်ပြော
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နအဖ အစိုးရလက်ထက်တုန်းကထက် အရည်အသွေးပိုကောင်းပြီး ကျောက်ချိန်လည်း ပိုများတဲ့ နီလာအရိုင်းရုံး တစ်တုံးကို ရရှိထားတယ်လို့ ဆိုပြီး နေပြည်တော်က သတင်းထုတ်လာပါတယ်။
ချားလ်စ်ဘုရင်ရဲ့ မွေးနေ့အထိမ်းအမှတ် Trooping the Colour စစ်ရေးပြအခမ်းအနား
တတိယမြောက် ချားလ်စ်ဘုရင်ကြီးရဲ့ မွေးနေ့ အထိမ်းအမှတ် စစ်ရေးအလှပြအခမ်းအနားကို လန်ဒန်မြို့လယ်မှာ ကျင်းပခဲ့ရာမှာ လူအုပ်ကြီးက သောင်းသောင်းဖျဖျ လာရောက် အားပေးကြည့်ရှုခဲ့ကြပါတယ်။
ကယ်တင်မှုလား၊ လူကုန်ကူးမှုလား - အင်ဒိုနီးရှားရဲ့ အငြင်းပွားဖွယ် မွေးစားမှုနောက်ကြောင်း
အင်ဒရာ ဂျာယာ လက်ဆာနာက သူ့ကိုယ်သူ မွေးစားခံရသူတစ်ဦးအဖြစ် မဟုတ်ဘဲ ကလေးလူကုန်ကူးခံရမှုမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။
မေတ္တာငတ်မွတ်တဲ့အထီးကျန်တရုတ်လူငယ်တွေ ''အွန်လိုင်းမိဘတွေ''ဆီကနေ နွေးထွေးမှုရှာဖွေ
တရုတ်လူငယ်အများအပြားကတော့ တာဝန်အခြေပြုထားတဲ့ မိဘနဲ့ သားသမီး ဆက်ဆံရေးပုံစံတွေကို ပြောင်းလဲချင်တဲ့ ဆန္ဒရှိနေကြပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား - အုပ်စု၊ ပွဲစဥ်နဲ့ ရလဒ်များ
ပွဲစဥ်တိုင်းရဲ့ အနိုင်အရှုံးရလဒ်တွေကို အချိန်နဲ့တပြေးညီ သိချင်ပါသလား။
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ
ဘယ်ကမ္ဘာ့ဖလားအသင်းက ဘယ်ဝတ်စုံဝတ်လဲ။ ပဟေဠိ ဖြေကြည့်ပါ။
ဒီနှစ်ပြိုင်ပွဲတစ်လျှောက် မျက်စိဖမ်းစားနိုင်တဲ့ ဘောလုံးအသင်းဝတ်စုံတွေ အများကြီး တွေ့ရမှာဖြစ်ပေမဲ့ အသစ်ထွက်တဲ့ ဝတ်စုံတွေကို ဘယ်လောက်သိထားပြီလဲ။ ဒီပဟေဠိကို ဖြေကြည့်ပြီး ကမ္ဘာ့ဖလား ဝတ်စုံတွေကို ကိုယ်ဘယ်လောက် သိထားလဲဆိုတာ စမ်းကြည့်လိုက်ပါ။
၂၀၂၆ ကမ္ဘာ့ဖလား - ၄၈ သင်းရဲ့အပြီးသတ် လူစာရင်း
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ယှဥ်ပြိုင်ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ပြိုင်မယ့် အသင်းတွေရဲ့ အပြီးသတ် လူစာရင်းတွေမှာ ဘယ်သူတွေ ပါပြီး ဘယ်သူတွေ ကျန်ခဲ့လဲ။
ကမ္ဘာ့ဖလားလက်မှတ်စျေးကြီးလွန်းတယ် - လက်မှတ်စျေး ၅ ဆ တက်လာတာကို ဘောလုံးပရိသတ်တွေဘယ်လိုကြုံရလဲ
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် လက်မှတ်မဲစနစ်ရောင်းချတာ ဇန်နဝါရီလကတည်းက ပြီးခဲ့ပါပြီ။ ကွင်း၀င်ခွင့်လက်မှတ်စျေးကြီးလွန်းတာကို ပရိသတ်တွေက ဝေဖန်နေကြတယ်ဆိုပေမဲ့ လက်မှတ်လျှောက်လွာ သန်း ၅၀၀ လောက်ရှိတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောပါတယ်။
ကမ္ဘာ့ဖလား အကောင်းဆုံးဝတ်စုံများနဲ့ အထင်ကရ အချက်များ
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး အင်္ကျီတွေက ဘာတွေလဲ၊ အဲဒီအင်္ကျီတွေကို ထင်ရှားကျော်ကြားစေတဲ့ အချက်တွေက ဘာလဲ။
ဒဏ်ရာသက်သာလာတဲ့ နေမာနဲ့ နယ်သာလန်က တင်ဘာမပါနိုင်တော့မယ့် ကမ္ဘာ့ဖလား
ဘရာဇီးရဲ့ ဂိုးသွင်းစံချိန်ရှင် ဒဏ်ရာသက်သာလာနေပြီ၊ ဆိုမာလီဒိုင်ကတော့ အမေရိကန်က ဗီဇာမပေးလို့ ပြန်ရတဲ့ ကမ္ဘာ့ဖလားနောက်ဆုံးရသတင်းတွေ
၂၀၂၆ ကမ္ဘာ့ဖလားအကြောင်း သိထားသင့်တဲ့အချက်တွေ
၂၀၂၆ ကမ္ဘာ့ဖလား ဟာ သက်တမ်းတစ်လျှောက် အထူးခြားဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်သလို သိသင့်တဲ့ထူးခြားချက်တွေလည်းရှိနေပါတယ်။
အင်္ဂလန် ဒုကပ္ပတိန်ရိုက်စ်၊ ဒေရွှမ့်ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားနဲ့ အက်ဒါဆင်ပါလာတဲ့ ဘရာဇီး
ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စဖို့ရက်ပိုင်းပဲလိုပါတော့တယ်။ ပြိုင်ပွဲဝင်အသင်းတွေ၊ ကစားသမားတွေနဲ့ ပတ်သက်ပြီးနောက်ဆုံး သိရတဲ့သတင်းတိုတွေကို စုစည်းပြောပြသွားမှာပါ။
ဖီဖာဟာ ကစားသမားတွေကို အပူဒဏ်အန္တရာယ်က လုံလောက်တဲ့ကာကွယ်မှုမပေး - သိပ္ပံပညာရှင်များ
၂၀၂၆ အမျိုးသား ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အပူချိန် အခြေအနေနဲ့ပတ်သက်ပြီး ကစားသမားတွေ ဘေးကင်းရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လုပ်ဆောင်ထားတဲ့ အစီအမံတွေဟာ မလုံလောက်ဘဲ ကစားသမားတွေ ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့ဦးဆောင် သိပ္ပံပညာရှင်တွေက ပြောလာပါတယ်။
ဗီဒီယို, ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ထူးခြားချက်များ, ကြာမြင့်ချိန် 1,54
ပြိုင်ပွဲဝင်အသင်းတွေလည်း ပိုများလာပါတယ်။
ဗီဒီယို, ကမ္ဘာ့ဖလားပြိုင်မယ့် အင်္ဂလန် ဘယ်မှာ လေ့ကျင့်မလဲ, ကြာမြင့်ချိန် 2,24
ဇွန်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ စတင်မှာ ဖြစ်ပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
အိန္ဒိယက တရုတ်နဲ့အပြိုင် နေပြည်တော်ကိုဘာကြောင့် လက်မလွှတ်တာလဲ
ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နေပြည်တော်နဲ့ အိန္ဒိယကြား ဆက်ဆံရေး ပိုမိုထင်ရှားလာမှုကို ပြသနေပါတယ်။တရုတ်နဲ့ ဒေသတွင်း အင်အားပြိုင်မှု၊ နယ်စပ်လုံခြုံရေးနဲ့ အိန္ဒိယရဲ့ မဟာဗျူဟာစီမံကိန်းတွေကြား မြန်မာကို အိန္ဒိယက ဘာကြောင့် လက်မလွှတ်ချင်သလဲ။
ချယ်ရီထက် ပဟေဠိ
မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးအမျိုးသမီးနိုင်ငံရေးသမားနဲ့ သူ့ရဲ့ကိုယ်ရံတော်တို့ရဲ့ ကောင်းမွန်တဲ့ အမှတ်တရတွေဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနဲ့အတူ လွမ်းစရာအတိတ်ဖြစ်သွားပါတယ်။
လုံခြုံရေးစံမရှိတဲ့ သင်္ဘောတွေပေါ်က မြန်မာသင်္ဘောသားတွေရဲ့ အသက်အန္တရာယ်
သင်္ဘောပေါ်က အလုံပိတ်နေရာတွေမှာ မြန်မာသင်္ဘောသားတွေ သေဆုံးမှုတွေရှိနေတာဟာ သင်္ဘောပေါ် လုံခြုံရေးလုပ်ငန်းစဉ်တွေ အားနည်းမှုနဲ့ ဆက်စပ်နေတယ်လို့ မြန်မာသင်္ဘောသားအသိုင်းအဝိုင်းက ရှုမြင်နေကြပါတယ်။
"မြန်မာကိုကိုယ့်နိုင်ငံလို့ပဲမှတ်ယူလို့အမြန်ဆုံးအေးချမ်းစေချင်ပြီ"- အရှင်ပညာကာရ (Walk For Peace)
အမေရိကန်ပြည်ထောင်စုမှာ သီတင်းသုံးတဲ့ ဗီယက်နမ်နွယ်ဖွား ဆရာတော် အရှင်ပညာကာရဟာ လာမယ့်လတွေအတွင်း မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာကို ကြွဖို့ရှိနေပါတယ်။
စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဆရာဝန်တွေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကစလို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်အထိ တပ်ချုပ်တွေဟာ သူတို့ ယုံကြည်စိတ်ချရသူတွေကိုပဲ ဆရာဝန်အဖြစ်ထားလေ့ရှိပြီး စစ်တပ်ရဲ့ ဆေးလောကမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးနေရာကိုပါ ချီးမြှင့်လေ့ရှိကြပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်





































































