အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေအတွင်း စစ်မှုထမ်းဖို့ခေါ်နေ
အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေအတွင်း စစ်မှုထမ်းဖို့ခေါ်နေ
ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဒေသခံကုန်သည်တွေနဲ့ ခရီးသွားတွေကိုပါ အာရက္ခတပ်တော်(AA) က စစ်မှုထမ်းခေါ်ဆောင်နေတဲ့အတွက် ရခိုင်ပြည်သူတွေကြားထဲ ဝေဖန် ပြောဆိုမှုတွေ ဒီရက်ပိုင်း ပိုကြားလာရပါတယ်။ အာရက္ခတပ်တော်(AA) ဆီမှာ မိမိဆန္ဒအရ စစ်မှုသွားထမ်း နေကြသူတွေရှိနေသလို တစ်ဖက်မှာလည်း စစ်သား လိုအပ်ချက်တွေ ရှိလာတာကြောင့် အခုလို လူငယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်းတာတွေ ပိုလုပ်နေတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနှင်းမိုက ပြောပြမှာပါ။



