အယ်နီညိုကြောင့် အစားအစာထောက်ပံ့မှုကို ထိခိုက်စေမယ့် မိုးခေါင်၊ ရေကြီးမှုတွေ ဖြစ်ပေါ်လာစေမယ်လို့ သတိပေးထား

ဗီဒီယို ပုံစာ, ဒီနှစ်ကုန်မှာ အယ်နီညို ပိုပြင်းထန်မယ်လို့ သတိပေး
အယ်နီညိုကြောင့် အစားအစာထောက်ပံ့မှုကို ထိခိုက်စေမယ့် မိုးခေါင်၊ ရေကြီးမှုတွေ ဖြစ်ပေါ်လာစေမယ်လို့ သတိပေးထား
ရေးသားခဲ့သည်။

ကမ္ဘာတလွှား လက်ရှိဖြစ်ပေါ်နေတဲ့ El Nino ရာသီဥတုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ သတိပေး ချက်တွေ ထုတ်ပြန်နေကြပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကမ္ဘာတဝန်းက ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ရာသီဥတုအေဂျင်စီက ဒီနှစ်ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ El Nino ဟာ လာမယ့်လတွေမှာ ပိုမိုပြင်းထန်လာမှာဖြစ်ပြီး၊ အစားအစာထောက်ပံ့မှုတွေကို ထိခိုက်စေမယ့် မိုးခေါင်မှုတွေနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်လာစေမယ်လို့ ပြောပါတယ်။ဒီဖြစ်စဉ်ဟာ ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်တာဖြစ်ပြီး၊ နှစ်ပေါင်း ၇၀ ကျော်အတွင်း အားအပြင်းဆုံး El Nino ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ Esme Stallard ရဲ့ သတင်းပေးပို့ချက်ကို ကိုမိုးမြင့်က တင်ဆက်ပေးပါမယ်။