ICJ စီရင်ချက် ထွက်လာမယ့်အပေါ် ဂမ်ဘီယာ မျှော်လင့်ချက်

ဗီဒီယို ပုံစာ, ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု စွဲချက်အပေါ် ICJ စီရင်ချက် ချတော့မယ်
ICJ စီရင်ချက် ထွက်လာမယ့်အပေါ် ဂမ်ဘီယာ မျှော်လင့်ချက်
ရေးသားခဲ့သည်။

မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်ကို ဖောက်ဖျက်ခဲ့တယ် ဆိုပြီး ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲထားတဲ့ အမှုကို လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်မိန့် ချမှတ်တော့မှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွဲချက် အပေါ် ရုံးတော်က ဘယ်လို စီရင်ချက် ချပေးဖို့ မျှော်လင့်ထားသလဲ ဆိုတာကို ဂမ်ဘီယာရှေ့နေအဖွဲ့ကို ဦးဆောင်သူ အာဆူလန် ဆလေမန်ကို ကိုဝေဖြိုးက မေးမြန်းထားပါတယ်။ မေးမြန်းခန်း အပြည့်အစုံကို မနက်ဖြန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့ ပေါ်ကနေ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။