ဘန်ကောက်ကလမ်းတွေ ရေပေါ်စျေးဖြစ်လာ
ဘန်ကောက်ကလမ်းတွေ ရေပေါ်စျေးဖြစ်လာ
ရေးသားခဲ့သည်။
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ရက်ဆက်မိုးရွာရေကြီးခဲ့လို့ ရေဖုံးနေတဲ့ လမ်းတွေမှာ အခုတော့ ရောင်းသူ ဝယ်သူတွေနဲ့ စည်ကားနေပါတယ်။ စျေးရှိခဲ့တဲ့နေရာတွေက ရေတွေမြုပ်နေလို့ စျေးသည်တွေကလည်း လမ်းပေါ်တက်ရောင်း၊ ဝယ်သူတွေကလည်း ဓးလောက်နစ်တဲ့ ရေထဲ လာဝယ်နေကြတာတွေ့ရမှာပါ။ ရေကြီးလို့ အနည်းဆုံး လူရှစ်ဦးသေဆုံးပြီး အိမ် ခြောက်သိန်းလောက် ရေဘေးသင့်ခဲ့တယ်လို့ ပြည်ထဲရေးဌာနက ထုတ်ပြန်ထားပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ဘန်ကောက် #ထိုင်း #ရေကြီးမှု #သဘာဝဘေး



