ယူကရိန်း အနှံ့အပြားကို ရုရှား တိုက်ခိုက်
ယူကရိန်း အနှံ့အပြားကို ရုရှား တိုက်ခိုက်
ရေးသားခဲ့သည်။
ရုရှားက ယူကရိန်းနိုင်ငံ ဒေသအများအပြားကို မနေ့ညပိုင်းက တိုက်ခိုက်ခဲ့ရာမှာ မြို့တော် ကိယက်ဗ်လည်း ပစ်မှတ်ထားခံခဲ့ရပါတယ်။ ခြောက်ထပ်အိမ်ရာ အဆောက်အအုံတစ်လုံးအပါအဝင် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကိယက်ဗ် အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ လူတဦး ဒဏ်ရာရရှိခဲ့ပြီး ပညာရေးဆိုင်ရာ အဆောက်အအုံတခုလည်း ထိမှန်ကာ မီးလောင်ခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ ဘီဘီစီ သံတမန်ရေးရာသတင်းထောက် ပေါလ် အဒမ်စ်က ကိယက်ဗ်မြို့မှာ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့အတူ သတင်းယူခဲ့တာကို ကိုကျော်ဇေယျ ပြောပြထားပါတယ်။ အခုတင်ဆက်မယ့် သတင်းမှာ စိတ်မချမ်းမြေ့ဖွယ် ရုပ်သံအချို့ ပါဝင်နိုင်ပါတယ်။



