ကျောက်တော်ဈေး ဗုံးကြဲခံရမှု သေဆုံးသူ အရေအတွက်တိုး
ကျောက်တော်ဈေး ဗုံးကြဲခံရမှု သေဆုံးသူ အရေအတွက်တိုး
ရေးသားခဲ့သည်။
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့မှာ ရှိတဲ့ အိန္ဒိယဈေးကို မနေ့က စစ်တပ်ရဲ့ဗုံးကြဲခဲ့မှုကြောင့် အရပ်သားသေဆုံးမှုဟာ ဒီနေ့ နေ့လယ်ပိုင်းအထိ ၅၀ အထိတိုးလာနေပြီး ဒဏ်ရာ အပြင်းအထန် ရထားသူကလည်း ၆၀ နီးပါးရှိနေပါတယ်။ မနေ့ကတစ်ရက်တည်းမှာ ကျောက်တော်မြို့နယ်အပါအဝင် အနည်းဆုံးမြို့နယ်လေးခုလောက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ အရပ်သားတွေရှိနေတဲ့ ကျောက်တော်က ဈေးကို စစ်တပ်က ဘာကြောင့် တိုက်ခိုက်ခဲ့တာပါလဲ။ ဒီအကြောင်း ကိုဝေဖြိုးက ပြောပြပေးပါမယ်။ အခုသတင်းထဲမှာ စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာတွေ၊ ရုပ်ပုံတွေ ပါဝင်နေတာကို ကြိုတင် သတိပေးအပ်ပါတယ်။



