အမေရိကန်နဲ့ အီရန် သီတင်းပတ်တွေအတွင်းပထမဆုံးအကြိမ် အပြန်အလှန်တိုက်ခိုက်

    • ရေးသားသူ, ရုသ် ကိုမာဖို့ဒ်
    • ရေးသားသူ, ဂွန်ချဲ ဟာဘီဘီယာဇာဒ်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

အမေရိကန်တပ်ဖွဲ့တွေက ဟော်မုဇ်ရေလက်ကြားအတွင်းရှိ လာရက်ကျွန်းပေါ်က အီရန်ရဲ့ ဒုံးကျည်ပစ်စင် နှစ်ခုကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နဲ့ အီရန်တို့ အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားလာပါတယ်။

ဇူလိုင်လ နှောင်းပိုင်းနောက်ပိုင်း အီရန်ကို အမေရိကန်က ပထမဆုံးအကြိမ် တိုက်ခိုက်မှုကြောင့် လူ နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ပြောပါတယ်။ IRGC ကလည်း "တုံ့ပြန်အရေးယူပြီး အပြစ်ပေးမယ်" လို့ ပြောထားပါတယ်။

အရှေ့အလယ်ပိုင်းက စစ်ဆင်ရေးတွေကို ကြီးကြပ်တဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ပြောရေးဆိုခွင့်ရှိသူကတော့ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားထဲ ဒုံးကျည်တွေပစ်လွှတ်ဖို့နဲ့ ပင်လယ်မြေမြှုပ်မိုင်းတွေ ချထားဖို့ ပြင်ဆင်နေတယ်လို့ တွေ့ရှိခဲ့တာကြောင့် '' စစ်ဆင်ရေးကို အကန့်အသတ်နဲ့ အတိအကျ" လုပ်ခဲ့တာလို့ ပြောပါတယ်။

အီရန်ကတော့ အမေရိကန်ရဲ့တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဂျော်ဒန်စစ်တပ်ကလည်း တနင်္လာနေ့ မနက်အစောပိုင်းမှာ ဒုံးကျည် ရှစ်စင်းကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကလည်း အီရန်စစ်တပ်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာရှိတဲ့ လေတပ်စခန်းတစ်ခုကို ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ UAE ကာကွယ်ရေးဝန်ကြီးဌာနက UAE မှာရှိတဲ့ အယ်လ်မင်ဟတ် လေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေဟာ "အခြေအမြစ်မရှိတဲ့ သတင်းတွေ" ဖြစ်တယ်လို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ ဒရုန်းတစ်စင်းကိုတော့ ပစ်ချခဲ့တယ်လို့ အတည်ပြုပါတယ်။

အမေရိကန်ရဲ့ အခုတိုက်ခိုက်မှုဟာ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လနှောင်းပိုင်းမှာ စစ်ဆင်ရေးအသစ်ကို ရပ်ဆိုင်းခဲ့ပြီးနောက် အီရန်ကိုပထမဆုံး ပြန်တိုက်ခိုက်ခဲ့တဲ့တိုက်ခိုက်မှု ဖြစ်ပါတယ်။

လာရက်ကျွန်းဟာ အရေးပါတဲ့ ဆိပ်ကမ်းမြို့ ဘန်ဒါအဘတ်စ်ရဲ့ကမ်းလွန်မှာ ရှိပြီး ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား ပေါ်မှာ တည်ရှိပါတယ်။

စစ်ပွဲမစတင်ခင်က ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရည်(LNG) အသုံးပြုမှုရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာ ဒီရေလက်ကြားကနေ ဖြတ်သန်းသယ်ယူခဲ့ကြပါတယ်။

ဖေဖော်ဝါရီလမှာ ပဋိပက္ခစတင်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားက ပိတ်ထားသလိုဖြစ်နေပြီး ကမ္ဘာ့ဈေးကွက်မှာ ရေနံဈေးနှုန်း အတက်အကျမတည်မငြိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

လက်ရှိမှာ ရေနံတင်သင်္ဘောတွေကို လာရက်ကျွန်းအနီးမှာ စစ်ဆေးခံပြီးမှ ဖြတ်သန်းသွားလာဖို့ တောင်းဆိုထားသလို၊ ဖြတ်သန်းခွင့်အတွက် သင်္ဘောတစ်စင်းကို ဒေါ်လာ ၂ သန်း (ပေါင် ၁.၅ သန်း) ပေးဆောင်ဖို့ အတင်းအကျပ်လုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

IRGC နဲ့ ဆက်နွှယ်တဲ့အီရန် Tasnim သတင်းဌာနကတော့ အစောပိုင်းမှာ လာရက်ကျွန်းကို တိုက်ခိုက်မှုဟာ ဒရုန်းတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Hours later, Iranian media carried a statement by the IRGC saying it had attacked the US bases of King Hussein and al-Azraq in Jordan with ballistic missiles in response to the Larak Island attack.

Iran's foreign ministry said on Monday it "strongly condemned the American military aggression on Larak", saying the strikes on bases in Jordan were a "legitimate defence".

Meanwhile Iranian President Masoud Pezeshkian said in a statement quoted by state TV: "We are not seeking war, but we will deliver a decisive response to the aggressors," according to AFP.

Hours after the US strike, Trump posted apparent AI videos on Truth Social showing oil infrastructure exploding.

One was captioned "Kharg Island being blown to smithereens!!!" in reference to a major oil terminal off the coast of Iran which Trump has threatened to take. His post did not elaborate.

နာရီအနည်းငယ်အကြာမှာတော့ အီရန်မီဒီယာတွေက IRGC ရဲ့ထုတ်ပြန်ချက်တစ်ရပ်ကို ဖော်ပြခဲ့ပြီး လာရက်ကျွန်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းတွေဖြစ်တဲ့ ကင်းဟူစိန် နဲ့ အယ်လ် အဇရက် တို့ကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း "လာရက်(ကျွန်း)ကို အမေရိကန်က စစ်ရေးအရ ကျူးကျော်တိုက်ခိုက်တာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်" လို့ ပြောခဲ့ပြီး ဂျော်ဒန်နိုင်ငံရှိ စစ်စခန်းတွေကို တိုက်ခိုက်တာဟာ "တရားဝင်တဲ့ ခုခံပိုင်ခွင့်" ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အီရန်သမ္မတ မတ်ဆွတ် ပေဇက်ရှ်ကီယန်က နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြတဲ့ ကြေညာချက်ထဲမှာ "ကျွန်တော်တို့က စစ်ပွဲရှာနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျူးကျော်သူတွေကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာပါ" လို့ ပြောခဲ့ကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

အမေရိကန်ရဲ့တိုက်ခိုက်မှုဖြစ်ပြီး နာရီအနည်းငယ်အကြာမှာ သမ္မတ ဒေါ်နယ်ထရမ့်က ရေနံအခြေခံအဆောက်အအုံတွေ ပေါက်ကွဲနေတဲ့ ဉာဏ်ရည်တု(အေအိုင်)နဲ့ ဖန်တီးထားပုံရတဲ့ ဗီဒီယိုတွေကို သူ့ရဲ့ Truth Social မှာ တင်ခဲ့ပါတယ်။

အဲဒီထဲက ဗီဒီယိုတစ်ခုမှာ ''ခါ့ခ်ကျွန်းကို အစအနမကျန် ပေါက်ကွဲဖျက်ဆီးနေပြီ'' လို့ စာရေး ထားပြီး အီရန်ကမ်းရိုးတန်းအလွန်မှာရှိတဲ့ အရေးပါတဲ့ ရေနံတင်ပို့ရေးဆိပ်ကမ်း ခါ့ခ်ကျွန်းကို ရည်ညွှန်းထားပါတယ်။ ထရမ့်ဟာ အဲဒီနေရာကို သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားဖူးပေမဲ့ အဲဒီပို့စ်မှာတော့ အသေးစိတ် ပြောထားတာမရှိပါဘူး။

အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်နိုင်ငံအပေါ် ကျယ်ပြန့်တဲ့ တိုက်ခိုက်တွေ စတင်ခဲ့ပြီး အီရန်ကလည်း အစ္စရေး၊ အမေရိကန်စစ်စခန်းတွေနဲ့ ပင်လယ်ကွေ့ဒေသက မဟာမိတ်နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် ဟော်မုဇ်ရေလက်ကြားကို ရေကြောင်းသွားလာမှုကို တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နဲ့ အိုမန်နိုင်ငံတို့ကြားမှာရှိတဲ့ ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းဖြစ်ပြီး အကျဉ်းဆုံးနေရာမှာ အကျယ် ၂၁ မိုင် (၃၃ ကီလိုမီတာ) ခန့်ပဲရှိပါတယ်။

ကုလသမဂ္ဂရဲ့စည်းမျဉ်းတွေအရ နိုင်ငံတွေဟာ သူတို့ရဲ့ကမ်းရိုးတန်းကနေ ရေမိုင် ၁၂ မိုင် (၁၃.၈ မိုင်) အကွာအဝေးအထိ နယ်မြေပိုင် ပင်လယ်ပြင်ကို ထိန်းချုပ်ခွင့်ရှိပါတယ်။ ဟော်မုဇ်ရေလက်ကြားရဲ့အကျဉ်းဆုံးနေရာမှာတော့ ရေလက်ကြားနဲ့ သင်္ဘောသွားလာတဲ့ ရေလမ်းကြောင်းတွေဟာ အီရန်နဲ့ အိုမန်တို့ရဲ့နယ်မြေပိုင်ရေပြင်အတွင်းမှာပဲ အပြည့်အဝရှိနေပါတယ်။

အီရန်ကလည်း သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့ သင်္ဘောတွေကို ပစ်ခတ်ခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့အပတ်မှာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ဖို့ အီရန်က ချထားခဲ့တဲ့ ရေမြှုပ်မိုင်းအားလုံးကို ဖောက်ခွဲဖျက်ဆီးဖယ်ရှားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ရေမြှုပ်မိုင်းအသစ်တွေ ချထားတဲ့သင်္ဘော ဒါမှမဟုတ် လှေတွေကို ဖျက်ဆီးပစ်မယ်လို့လည်း အီရန်ကို သတိပေးထားတယ်လို့ ဆိုပါတယ်။

အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီ ကတော့ ထရမ့်ရဲ့ပြောဆိုချက်ဟာ "ဝါဒဖြန့်ချိရေးအတွက် လှည့်ဖြားမှု" ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်က ဩဂုတ် ၂၄ ရက်မှာ အီရန်ကို ပိုမိုအထီးကျန်စေဖို့နဲ့ အီရန်ရဲ့ မဟာမိတ်တွေကို ချမှတ်တဲ့ ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုတွေကို တိုးချဲ့ဖို့ ရည်ရွယ်တဲ့ပိတ်ဆို့အရေးယူမှု စစ်ဆင်ရေးအသစ်တစ်ရပ် ကြေညာခဲ့ပြီးနောက် အီရန်ဟာ စီးပွားရေးဖိအားအသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

အီရန်အရာရှိတွေနဲ့ နိုင်ငံပိုင်မီဒီယာတွေကတော့ အဲဒီစီးပွားရေးဖိအားပေးမှုကို အရင်က အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်တာသာဖြစ်တယ်လို့ ပြောပြီး ပယ်ချထားပါတယ်။ အဲဒီအရေးယူမှုတွေဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း အမေရိကန်ရဲ့ စစ်ရေးရှုံးနိမ့်မှုနောက်ပိုင်း လုပ်ဆောင်လာတာလို့လည်း အီရန်ဘက်က ဆိုပါတယ်။

အမေရိကန်ဟာ အီရန်အပေါ် ရေတပ်ပိတ်ဆို့မှု ကိုလည်း ဆက်လက်လုပ်ဆောင်နေပြီး အဲဒီပိတ်ဆို့မှုကြောင့် အီရန်ရဲ့ ရေနံတင်ပို့နိုင်စွမ်း ထိခိုက်နေပါတယ်။

ဩဂုတ် ၂၈ ရက်အထိ CENTCOM က အမေရိကန်တပ်ဖွဲ့တွေဟာ ပိတ်ဆို့မှုစစ်ဆင်ရေးအတွင်း ကုန်သွယ်ရေးသင်္ဘော ၈၂ စင်းကို လမ်းကြောင်းပြောင်းစေခဲ့ပြီး သင်္ဘော ၃ စင်းကို ရပ်တန့်ခဲ့ကာ ၂ စင်းပေါ် တက်ရောက် စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။