BBC News, မြန်မာ - ပင်မစာမျက်နှာ

ထိပ်တန်း သတင်းများ

  • တိုက်ရိုက်ထုတ်လွှင့်မှု, လကမ္ဘာဆီသွားမယ့် Artemis II ယာဉ် ကမ္ဘာပတ်လမ်းပေါ်ရောက်ပြီ

    လကမ္ဘာဆီ လေ့လာရေးသွားမယ့် Artemis II အာကာသယာဉ်ဟာ ကမ္ဘာပတ်လမ်းပေါ် ရောက်ရှိတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

  • နန်းနီနီအေး- အာဏာသိမ်းစစ်တပ်ရဲ့အသွင်ပြောင်းအစိုးရက အမျိုးသမီးဒုသမ္မတ

    အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့ အရပ်ဘက်အသွင်ပြောင်း ဗဟိုအုပ်ချုပ်ရေးထဲမှာ အသက် ၅၇ နှစ်အရွယ် ကရင်တိုင်းရင်းသူ နန်းနီနီအေး က မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ပထမဆုံးအမျိုးသမီး ဒုတိယသမ္မတဖြစ်လာပါတယ်။

  • ‘‘အီရန်ကိစ္စကို မကြာခင်မှာပဲ အဆုံးသတ်မယ်’’- ဒေါ်နယ် ထရမ့်

    အီရန်နဲ့ပတ်သက်ပြီး သဘောတူညီချက် ရရ မရရ ‘‘လာမယ့်သီတင်းပတ်တွေအတွင်း အဆုံးသတ်မယ်’’ လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

  • ကမ္ဘာတလွှား လောင်စာဆီစျေးကြီးမြင့်မှုကိုဘယ်လိုဖြေရှင်းနေလဲ

    အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာတလွှား လောင်စာဆီအကျပ်အတည်း ဆိုက်နေပါတယ်။ ဒီအရေးဖြေရှင်းမှု တစ်စိတ်တစ်တစ်ပိုင်းအနေနဲ့ ကိုဗစ်ကပ်ဘေးကာလတုန်းက ကမ္ဘာတလွှားကျင့်သုံးခဲ့တဲ့ နေအိမ်ကနေအလုပ်လုပ်တာမျိုးလို Work From Home အစီအစဉ်ကို မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ ချမှတ်တာနဲ့ အကြံပြုတာတွေ လုပ်နေပါတယ်။

  • ထရမ့် မျက်စိကျနေတဲ့ အီရန်ပိုင် ခါ့ကျွန်းကို အမေရိကန် သိမ်းဖို့ ကြိုးပမ်းနိုင်ခြေ

    ခါ့ကျွန်းက အီရန်ရေနံတွေ အဓိကပို့တဲ့စခန်းကြီးဖြစ်ပြီး ရေနံစည် ၂ သန်းလောက် တင်ဆောင်နိုင်တဲ့ ရေနံစိမ်းတင်သင်္ဘောကြီးတွေ ကမ်းကပ်လို့ ရတဲ့အထိ ရေစူးနက်တဲ့ကမ်းလွန်မှာ တည်ရှိပါတယ်။ အီရန်ရဲ့ ရေနံပို့ကုန် ၉၀ ရာခိုင်နှုန်းကျော်ကလည်း ဒီကျွန်းကို ဖြတ်သန်းသွားပါတယ်။

  • စက်သုံးဆီအတွက် နွေအပူအောက် အသက်နဲ့ ကျန်းမာရေးပါ ရင်းနေရပြီလား

    အန္တရာယ်ရှိတဲ့နွေအပူချိန်အောက်မှာ စက်သုံးဆီရဖို့ တန်းစီရင်း မူးလဲသူတွေရှိသလို ဆီတန်းစီရာကနေ ပြန်လာပြီးနောက် အသက်ဆုံးပါးတဲ့ဖြစ်စဉ်အချို့လည်း ရှိလာပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲ အရှိန်မကျသေးလို့ ဒီနောက်ဆက်တွဲ ဂယက် ပြည်တွင်းက စက်သုံးဆီရရှိဖို့ တန်းစီရတဲ့ဒုက္ခက ပြီးဆုံးမယ့်ပုံ မပေါ်သေးပါဘူး။ မဖြစ်မနေ ဆီတန်းစီရတဲ့အခါ ကျန်းမာရေးအတွက် ဘာတွေ သိထားသင့်ပါသလဲ။

  • အီရန်ရဲ့ဒုံးကျည်တွေ ဥရောပအထိ ရောက်နိုင်သလား

    အရင်ကထင်ထားတာထက် အီရန်ဒုံးကျည်တွေရဲ့ပျံသန်းနိုင်တဲ့အကွာအဝေး ပိုများလာနိုင်မလား။

  • အီရန်စစ်ပွဲလှိုင်း ရိုက်ခတ်တဲ့မြန်မာ့စက်သုံးဆီ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းကျော်

    အရှေ့အလယ်ပိုင်း အီရန်ကို အမေရိကန်နဲ့ အစ္စရေးပူးပေါင်းတိုက်ခိုက်လို့ တစ်ကျော့ပြန်ဖြစ်တဲ့ အီရန်ပဋိပက္ခ တစ်လပြည့်ပါပြီ။ ရေနံထွက်တဲ့ဒီဒေသက ဒီပဋိပက္ခရဲ့ရိုက်ခတ်မှုကြောင့် မြန်မာမှာ စက်သုံးဆီစျေးနှုန်းလည်း အရှိန်ကောင်းကောင်းနဲ့ မြင့်တက်နေပါတယ်။

  • ဗိုလ်ချုပ်ကြီးရဲဝင်းဦး - စစ်ခေါင်းဆောင်ရဲ့နားမျက်စိ

    အင်မတန်တန်ခိုးထွားခဲ့တဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့တပ်ဖွဲ့ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ ဖျက်သိမ်းခဲ့တာ ၂၁ နှစ်တောင်ရှိခဲ့ပါပြီ။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေအတွက် ထောက်လှမ်းရေးရဲ့အရေးပါမှုနဲ့ ထောက်လှမ်းရေးအကြီးအကဲတွေအပေါ် အားကိုးခံရမှုက လျော့မသွားပါဘူး။

  • စကားဝှက်အားနည်းလို့ နှစ်ပေါင်း ၁၅၀ ကျော်ကြာကုမ္ပဏီက လူ ၇၀၀ အလုပ်ပြုတ်တဲ့နည်းပညာလုံခြုံရေးတပ်လှန့်မှု

    ဗြိတိန်က စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားခဲ့ကြတဲ့ နိုင်ငံတကာ ဟတ်ကာဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုမှာ နှစ်ပေါင်း ၁၆၀ နီးပါးကြာသက်တမ်းရှိတဲ့ပို့ဆောင်ရေးကုမ္ပဏီ KNP ဟာ သားကောင်ဖြစ်ခဲ့ပါတယ်။​ ရလဒ်ကတော့ ကုမ္ပဏီလည်း ပြုတ်ပြီး ဝန်ထမ်း ၇၀၀ လည်း အလုပ်ပြုတ်သွားပါတယ်။​ ဒီလိုတိုက်ခိုက်ခံရတာဟာ စကားဝှက်(Password)ကို ခိုင်မာအားကောင်းတာမျိုး မထားမိတဲ့ရလဒ်လို့ မှတ်ယူခံရပါတယ်။

  • ငလျင်ကြောင့် ပျက်စီးသွားတဲ့ မန္တလေးက ဗလီတွေ ဘာဆက်ဖြစ်နေလဲ

    စစ်ကိုင်းပြတ်ရွေ့ငလျင်ကြီး လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗလီပေါင်း ၁၈၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မန္တလေးမြို့ပေါ် ၇ မြို့နယ်မှာတော့ ဗလီ ၅၀ ကျော်နဲ့ အထိအခိုက်အများဆုံး ဖြစ်ခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ အစ္စလာမ်ဘာသာ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ မန္တလေးမြို့မှာတော့ ဗလီနဲ့ ဘာသာရေးကျောင်း တစ်လုံးမှကို ခွင့်ပြုချက် မရသေးတာဖြစ်ပါတယ်။

  • ငလျင်ကြီးတစ်နှစ်တာ - Sky Villa တိုက်ခန်းပိုင်ရှင်တွေရဲ့ အမေ့လျော့ခံဒဏ်ရာများ

    မြန်မာနိုင်ငံမှာ ၂၀၂၅၊ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်လာပြီးတဲ့နောက်မှာ လူ ရာနဲ့ချီ သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုမှုထွက်ပေါ်လာပါပြီ။ အိမ်ပိုင်ရှင်တွေစုစု‌ပေါင်းပြီးတော့ လည်း တရားစွဲဖို့ပြင်နေပါတယ်။ ငလျင်လှုပ်ခတ်မှုအပြီး တစ်နှစ်အကြာပေါ်လာတဲ့ တရားအခြေအနေဘယ်လိုရှိပါသလဲ။ Sky Villa ကွန်ဒို အခန်းပိုင်ရှင်တွေ ရဲ့ တောင်းဆိုမှုတွေကဘာတွေလဲ။

ဒေတာ ချွေတာချင်ပါသလား။

ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်

အထူးစာမျက်နှာ

၂၀၂၅ မြန်မာရွေးကောက်ပွဲ

  • ဦးအောင်လင်းဒွေး - အမိန့်နာခံသူ ဗိုလ်ချုပ်ကြီး

    ဦးအောင်လင်းဒွေးကို တိုင်းပြည်ရဲ့ နံပါတ် ၅ ရာထူးကို ပေးလိုက်တာက အမိန့်နာခံတတ်တဲ့ နောက်လိုက်တစ်ယောက်ကို စစ်ခေါင်းဆောင်ရဲ့ စောင်မကြည့်ရှုမှုလည်းဖြစ်သလို မပြီးပြတ်သေးတဲ့တာဝန်တစ်ခုပေးလိုက်တာလည်းဖြစ်ပါတယ်။

  • ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းရဲ့နောက်ကွယ်

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ရဲချုပ်ဟောင်းဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်ခင်ရီ ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းက စစ်တပ်ကလုပ်ပေးတဲ့ဒီမိုကရေစီအပြောင်းအလဲဟာ စစ်ဗိုလ်ချုပ်တွေလက်ထဲက မလွတ်သေးကြောင်း အကောင်းဆုံး သက်သေပဲ ဖြစ်ပါတယ်။

  • တပ်ချုပ်နေရာဆက်ခံမယ့်သူ ကြည်းချုပ်လား၊ ညှိကွပ်လား

    ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာသိမ်းကာလ ၅ နှစ်လုံးအနီးကပ်နေခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့ တပ်ပိုင်းဆိုင်ရာကိုပဲ သီးသန့်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

  • တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်

    USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

  • ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား

    အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။

  • စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ

    အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။

  • အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း

    ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။

  • အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ

    စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။

  • NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ

    NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။

  • အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ

    ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။ အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။

  • ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ

    ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။

  • စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ

    အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။

ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။

မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။

နားဆင်ကြည့်ရှုရန်

ဆောင်းပါး

မြန်မာ့ရေးရာ

နိုင်ငံတကာ

ဗီဒီယို သတင်းများ

အဖတ်များနေသော သတင်းဆောင်းပါးများ