အမေရိကန် သတင်းထောက် လွှတ်ပေးဖို့ မိခင် ကပြော

Steven Sotloff

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန် သတင်းထောက် Sotloff
ရေးသားခဲ့သည်။

အစ္စလာမ္မစ် နိုင်ငံ တပ်တွေ လက်ထဲ ရောက်နေတဲ့ အမေရိကန် သတင်းထောက် တယောက်ရဲ့ မိခင်က သားဖြစ်သူ Steven Sotloff ကို ပြန်လွှတ် ပေးဖို့ ဗီဒီယိုကနေ ဖမ်းထားသူ တွေကို ပန်ကြား လိုက်ပါတယ်။

အစ္စလာမ္မစ် နိုင်ငံ ခေါင်းဆောင်လို့ သူ့ဘာသာသူ ကြေညာ ထားတဲ့ Abu Bakr al-Baghdadi ဆီကို သတင်းထောက်ရဲ့ အမေ ဖြစ်သူ Shirley Sotloff က တိုက်ရိုက် ပန်ကြား ခဲ့တာပါ။

မိခင် တယောက် အနေနဲ့ သားဖြစ်သူ နဲ့ မသက်ဆိုင်တဲ့ ကိစ္စ တွေ အတွက် သူ့သားကို အပြစ်မပေးဖို့၊ မသတ်ဘဲ ပြန်လွှတ်ပေးဖို့ Shirley Sotloff က ဗီဒီယို ကနေ တောင်းပန် တိုးလျှိုး ခဲ့ပါတယ်။

အရင်ပတ်က ထွက်လာတဲ့ အမေရိကန် သတင်းထောက် James Foley ကို အစ္စလာမ္မစ် နိုင်ငံ တပ်တွေ က ဦးခေါင်းဖြတ် သတ်တဲ့ ပုံကို ပြတဲ့ ဗီဒီယို အဆုံးပိုင်းမှာ Steven Sotloff ကို ပြသ ထားတာ တွေ့ရပါတယ်။