တရုတ်သတင်းထောက် တောင်းပန်ရ

ရေးသားခဲ့သည်။
အဖမ်းခံ ထားရတဲ့ တရုတ် သတင်းထောက် က သူလာဘ်ယူပြီး လုပ်ကြံ သတင်း ရေးခဲ့ ပါတယ် လို့ တရုတ် အစိုးရ ရုပ်သံ ကနေ ဝန်ခံ ခဲ့ရ ပါတယ်။
ဒီသတင်းထောက် အလုပ်လုပ်တဲ့ ကွမ်ကျိုးမြို့က နယူး အိပ်စ်ပရက်စ် သတင်းစာ မှာလည်း သတင်းစာ ကျင့်ဝတ် ကို ချိုးဖောက် မိပါတယ် ဆိုပြီး မျက်နှာဖုံး က နေ တောင်းပန် ခဲ့ရပါတယ်။
အရင်ကတော့ ဒီသတင်းစာကနေ သူ့ကို ပြန်လွှတ်ပေးဖို့ မျက်နှာဖုံးက တောင်းဆို နေခဲ့တာ ဖြစ်ပါတယ်။
သတင်းထောက် Chen Yongzhou ကို အရင်ပတ်က ဖမ်းဆီးခဲ့လို့ တရုတ် တပြည် လုံး အုတ်အော် သောင်းသဲ ဖြစ်သွားပါတယ်။
ဆောက်လုပ်ရေး ပစ္စည်း ကုမ္ပဏီ နဲ့ ပတ်သက်ပြီး သူ စွပ်စွဲ ရေးသားခဲ့တဲ့ သတင်းက အလိမ်အညာ ပါလို့ စနေနေ့က မစ္စတာ ချန်က ဝန်ခံခဲ့ပါတယ်။








