Eurovision သီချင်း ပြိုင်ပွဲမှာ ဒိန်းမတ်က ဆုဆွတ်ခူး

Only Teardrops သီချင်းနဲ့ ပါဝင် ယှဉ်ပြိုင်နေတဲ့ Emmelie De Forest
ဓာတ်ပုံ ပုံစာ, Only Teardrops သီချင်းနဲ့ ပါဝင် ယှဉ်ပြိုင်နေတဲ့ Emmelie De Forest
ရေးသားခဲ့သည်။

အခုနှစ် Eurovision သီချင်း ပြိုင်ပွဲမှာ ဒိန်းမတ် က Emmelie De Forest ဆိုထားတဲ့ Only Teardrops ဆိုတဲ့ သီချင်းက ဆုဆွတ်ခူး ရရှိသွားပါတယ်။

ဒိုင်တွေ အနှစ်သက်ဆုံး ဖြစ်တဲ့ အယ်မလီရဲ့သီချင်းဟာ ပြိုင်ဖက်တွေကို အပြတ်အသတ် အနိုင်ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ အဇာဘိုင်ဂျန်က ဒုတိယနဲ့ ယူကရိန်းက တတိယ ရခဲ့ပါတယ်။

ဒီနှစ် ယူရိုဗီးရှင်း သီချင်း ပြိုင်ပွဲကို ဆွီဒင် နိုင်ငံ မယ်လ်မာ မြို့မှာ ကျင်းပခဲ့ပြီး ရုပ်မြင်သံကြားကနေ ဒီပြိုင်ပွဲကို စောင့်ကြည့်တဲ့ ပရိတ်သက် ၁၂၅ သန်း ရှိတယ်လို့ သိရပါတယ်။