ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူ ဆက်တောင်းဆို
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူ ဆက်တောင်းဆို
ရေးသားခဲ့သည်။
ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ မနေ့က ဖုန်းပြောခွင့် ရခဲ့တာကြောင့် သူ့ရဲ့ ကျန်းမာရေး အပြင် သက်ရှိထင်ရှား ရှိသေးလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာရာ ရစေခဲ့ပါတယ်။ ဒါဟာ မိခင် သက်ရှိထင်ရှား ရှိကြောင်း ပြသဖို့ ကင်မ် အဲရစ် ခေါ် ကိုထိန်လင်း တစိုက်မတ်မတ် တောင်းဆို ခဲ့တဲ့ PROOF OF LIFE လှုပ်ရှားမှုရဲ့ သက်ရောက်မှု အဖြစ်လည်း လူတွေက ရှုမြင်ကြပါတယ်။ ကိုထိန်လင်းဘက်က မိခင်ဖြစ်သူနဲ့ ပုံမှန် ဆက်သွယ်ခွင့် ရဖို့ အပြင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးဖို့ကိုလည်း ဆက်လက် တောင်းဆိုနေပါတယ်။ မအေးသူစံက ဆက်ပြီး ပြောပြပေးမှာပါ။



