တရုတ် အထီးကျန် ဖော်ကွာဝေး စျေးကွက်

ဗီဒီယို ပုံစာ, တရုတ် အထီးကျန် ဖော်ကွာဝေး စျေးကွက်
တရုတ် အထီးကျန် ဖော်ကွာဝေး စျေးကွက်
ရေးသားခဲ့သည်။

တရုတ် နိုင်ငံက မြို့ကြီးပြကြီးတွေမှာ လူနေထူထပ်ပြီး လူစည်ကား များပြားပေမယ့် အထီးကျန်ပြီး စိတ်ဓာတ်ကျတဲ့ ဝေဒနာကို ခံစားနေရတဲ့ လူတွေလည်း ရှိပါတယ်။ ဒီအခြေအန ဖြစ်ပေါ် လာချိန်မှာ အထီးကျန်စွာနေထိုင်နေရတဲ့ သက်ကြီးရွယ်အိုတွေကို အဖော်လုပ်ပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေလည်း ပေါ်ပေါက်လာပါတယ်။ ဒီလုပ်ငန်းတွေဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၇ ဘီလီယံကျော် ပမာဏ ရှိတဲ့ စီးပွားရေး ကဏ္ဍသစ်ဖြစ်လာပြီး၊ ဆက်လက် ကြီးထွားလာဦးမယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဘီဘီစီ သတင်းထောက် စတီဖန် မက်ဒေါ်နယ် ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးထားပါတယ်။