ငွေအကြွေတွေစုထားပြီး ဆိုင်ကယ်ဝယ်သူ

ဗီဒီယို ပုံစာ, ငွေအကြွေတွေစုထားပြီး ဆိုင်ကယ်ဝယ်သူ
ငွေအကြွေတွေစုထားပြီး ဆိုင်ကယ်ဝယ်သူ
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ တယ်လန်ဂါနာက ဘိုဒူရာဗီ ဂျိုးဇက်ဆိုသူဟာ သူ သုံးနှစ်ကြာစုထားတဲ့ ရူပီး ဆယ်ပြားစေ့တွေနဲ့ ဆိုင်ကယ်တစ်စီးလာဝယ်ခဲ့ပါတယ်။ သူဟာ ကျသင့်ငွေ ၁၂၃,၀၀၀ ရူပီး (ဒေါ်လာ ၁,၃၀၀ လောက်) ကို ငွေအကြွေတွေနဲ့ ပေးပြီး ဝယ်ခဲ့တာပါ။ ဆိုင်ကယ်အရောင်းဆိုင်က ဝန်ထမ်းတွေက အဲဒီငွေအကြွေတွေကို နာရီနဲ့ချီ အချိန်ယူပြီး ရေတွက်ခဲ့ရပါတယ်။ ဘိုဒူရာဗီက သူဆိုင်တွေမှာ စျေးဝယ်တိုင်းပြန်အမ်းတဲ့ အကြွေတွေကို စုထားခဲ့တာလို့ပြောပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #အကြွေနဲ့ဆိုင်ကယ်ဝယ်သူ