ကမ္ဘာတဝန်းက ဆိုက်ဘာ တိုက်ခိုက်မှု အန္တရာယ်တွေ
ကမ္ဘာတဝန်းက လုံခြုံရေး အားနည်းချက် ရှိနေတဲ့ ဝက်ဘ်ဆိုက်ဒ် တွေကို ဖောက်ထွင်းဝင်ရောက်ဖို့ သန်းနဲ့ချီတဲ့ ကြိုးပမ်းမှုတွေ ရှိနေတယ်လို့ ထိပ်တန်း နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Cloudflare က ပြောကြားပါတယ်။ အင်တာနက် ကွန်ရက်တွေ အတွက် သုံးစွဲတဲ့ PHP ပရိုဂရမ်မှာ လုံခြုံရေး အားနည်းတဲ့ ပြဿနာကို တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အဖွဲ့အစည်း အများအပြားဟာ သူတို့ရဲ့ ဝက်ဆိုက်ဒ်တွေကို ယာယီ ပိတ်ထားခဲ့ရပါတယ်။ အင်တာနက် အသုံးပြုမှု မှတ်တမ်းတွေ၊ ဘဏ် အကောင့် အချက်လက်တွေ အားလုံးကို ဆိုက်ဘာ ရာဝဇတ်မှု ကျူးလွန်သူတွေက ဝင်ယူသွားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း PHP ပရိုဂရမ် ရဲ့ အားနည်းချက် ကို တွေ့ရှိခဲ့သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ ဝီကီပီးဒီးယား၊ WORDPRESS စတဲ့ ဝက်ဘ်ဆိုက်ဒ် အများလည်း ထိခိုက်ခဲ့ပါတယ်။ ဒီချို့ယွင်းချက်ကို အသုံးချပြီး ဟက်ကာတွေက ဆိုက်ဘာ ဖောက်ထွင်းမှုတွေ စတင် နေပြီ ဖြစ်တယ်လို့လည်း နည်းပညာ ကုမ္ပဏီတွေက သတိပေးထားပါတယ်။ ဘီဘီစီ ဆိုက်ဘာရေးရာ သတင်းထောက် ဂျိုးတိုင်ဒီရဲ့ သတင်းကို ကိုဇေယျာက ပြောပြမှာပါ။



