EU အဖွဲ့ဝင် ဆက်ဖြစ်ရေး ဗြိတိန် ပါလီမန် ဆွေးနွေး

အသက် အငယ်ဆုံး ဗြိတိန် ဝန်ကြီးချုပ် David Cameron

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အသက် အငယ်ဆုံး ဗြိတိန် ဝန်ကြီးချုပ် David Cameron
ရေးသားခဲ့သည်။

ဥရောပ သမဂ္ဂမှာ ဗြိတိန်က အဖွဲ့ဝင် ဆက်လက် ပါဝင်နေရေးနဲ့ ပတ်သက်လို့ လူထု ဆန္ဒခံ ယူဖို့ သင့် မသင့် ဆိုတာကို ဗြိတိသျှ ပါလီမန်မှာ အပြင်းအထန် အခြေအတင် ဆွေးနွေးခဲ့ကြတဲ့ အတွက် ဝန်ကြီးချုပ် ရာထူး ဒေးဗစ် ကင်မရွန် အဖို့ အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီလို ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ရပေမယ့် အစိုးရဖက်က မဲအများစုနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

အခုလို ဥရောပ သမဂ္ဂမှာ စီးပွားရေး ပြဿနာ ရင်ဆိုင်နေရချိန်မှာ အခုလို မဲခွဲတာဟာ မှားယွင်းမှု တခုဘဲလို့ ပြောခဲ့တာကြောင့် မစ္စတာ ကင်မရွန်တယောက် ပါလီမန်ထဲမှာ အကြီးအကျယ် မေးမြန်း ပြောဆို ဝေဖန် ခံခဲ့ရပါတယ်။