တရုတ် နဲ့ အမေရိကန် သမ္မတ ကမ္ဘာ့အရေး ဆွေးနွေး

ဗီဒီယို ပုံစာ, တရုတ် နဲ့ အမေရိကန် သမ္မတ ကမ္ဘာ့အရေး ဆွေးနွေး
တရုတ် နဲ့ အမေရိကန် သမ္မတ ကမ္ဘာ့အရေး ဆွေးနွေး
ရေးသားခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဘေကျင်းမှာ အရေးပါတဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကနေသာ အကျိုးအမြတ် ရရှိနိုင်ပြီး၊ ထိပ်တိုက်ရင်ဆိုင်မှုတွေက ဆုံးရှုံးမှုတွေသာ ရရှိနိုင်မှာ ဖြစ်တယ်လို့ သမ္မတ ရှီကျင့်ဖျင်က သမ္မတ ဒေါ်နယ် ထရမ့်ကို ပြောကြားပါတယ်။ ၂ နိုင်ငံ ခေါင်းဆောင်တွေရဲ့ တံခါးပိတ် ဆွေးနွေးမှုဟာ ၂ နာရီကျော် ကြာမြင့်ခဲ့ပါတယ်။ အီရန် စစ်ပွဲ အရေးနဲ့ ပတ်သက်လို့ ဆွေးနွေး ပြောဆိုမှုတွေလုပ်ခဲ့ပြီး၊ အီရန်မှာ နျူကလီးယား လက်နက် မရှိသင့်ကြောင်းနဲ့ ဟော်မုဇ် ရေလက်ကြားကို ဖွင့်လှစ်ထားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။ ထိုင်ဝမ် အရေး၊ နည်းပညာ ပြိုင်ဆိုင်မှုတွေ နဲ့ ကုန်သွယ်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ မျှော်လင့်ရပါတယ်။ ဘီဘီစီ သတင်းထောက် စတီဗင် မက်ဒေါ်ယ် ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးထားပါတယ်။