ဗြိတိသျှလေတပ်စခန်းနားက ကားတွေကို စက်ရုပ်နဲ့စစ်ဆေးဗုံးရှာ

ဗီဒီယို ပုံစာ, ဗြိတိသျှလေတပ်စခန်းနားက ကားတွေကို စက်ရုပ်နဲ့စစ်ဆေးဗုံးရှာ
ဗြိတိသျှလေတပ်စခန်းနားက ကားတွေကို စက်ရုပ်နဲ့စစ်ဆေးဗုံးရှာ
ရေးသားခဲ့သည်။

အင်္ဂလန်အနောက်ပိုင်းက ဖဲယားဖို့ဒ်လေတပ်စခန်းနားမှာ တနင်္ဂနွေမနက်အစောပိုင်းက မသင်္ကာစရာ လူငါးဦးကို ဖမ်းမိလိုက်ပြီး အဲဒီအနားတဝိုက်က နေအိမ်တွေက လူတွေကိုလည်း နေရာရွှေ့ပြောင်းခိုင်းထားခဲ့ပါတယ်။ ဖမ်းမိတဲ့လူတွေကို ဖောက်ခွဲရေးပစ္စည်းတွေလက်ဝယ်ရှိမှု၊ အကြမ်းဖက်ရန်ကြိုးစားမှု သံသယတွေနဲ့ ထိမ်းသိမ်းထားတာပါ။ မကြာသေးခင်ကပဲ အမေရိကန်တိုက်လေယာဥ်တွေက အီရန်ကို တိုက်ခိုက်ဖို့ အဲဒီလေတပ်စခန်းက ထွက်ခွာခဲ့တာပါ။ ဗြိတိသျှအစိုးရကတော့ ဒါ ကာကွယ်ဖို့စစ်ဆင်ရေးအတွက်ဖြစ်တယ်လို့ ပြောထားပါတယ်။ အခုဗီဒီယိုထဲမှာတော့ လေတပ်စခန်းနားမှာ ရပ်ထားတဲ့ ကားတွေကို စက်ရုပ်နဲ့ စစ်ဆေးနေတာ တွေ့ရမှာပါ။ •

#ဘီဘီစီမြန်မာပိုင်း #ဗြိတိန် #လေတပ်စခန်း #အကြမ်းဖက်မှု