ယီမင်ရှေ့တန်းတနေရာက အထူးသတင်းပေးပို့ချက်
ယီမင်နိုင်ငံ တိုင်ဇ်မြို့အနီးမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။ အစိုးရတပ်ဖွဲ့တွေဟာ အီရန်ထောက်ခံမှုရရှိထားတဲ့ ဟူသီသူပုန်တပ်ဖွဲ့တွေ မြို့ဘက်ကို ဆက်လက်ချီတက်လာနေတာကို တားဆီးဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီလအစောပိုင်းက ဟူသီတပ်ဖွဲ့တွေ မဟာဗျူဟာအရ အရေးပါတဲ့ ပင်လယ်နီဆိပ်ကမ်းမြို့ မိုခါကို သိမ်းပိုက်ပြီးနောက်ပိုင်း ယီမင်နိုင်ငံထဲကို နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေထဲမှာ ပထမဆုံးအဖြစ် ဘီဘီစီက ဝင်ရောက် သတင်းယူနိုင်ခဲ့ပါတယ်။ ဘီဘီစီရဲ့ အကြီးတန်း နိုင်ငံတကာသတင်းထောက် နဝါလ် အယ်လ် မာဂါဖီနဲ့ ဗီဒီယိုသတင်းထောက် လီယမ် ဝီယာတို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တိုင်ဇ်မြို့မှာ နေထိုင်ခဲ့ပြီး မိုခါမြို့နဲ့ အနီးဆုံး ရှေ့တန်းစစ်မျက်နှာဖြစ်တဲ့ အယ်လ်ကဒါဟာဒေသအထိ အစိုးရတပ်ဖွဲ့တွေနဲ့အတူ သွားရောက်သတင်းယူခဲ့ကြပါတယ်။ သူတို့ပေးပို့ထားတဲ့ သတင်းကို မစန္ဒာဝင်းက ပြန်ပြောပြမှာပါ။ အခုသတင်းထဲမှာ ဒဏ်ရာရရှိထားတဲ့ ကလေးငယ်တစ်ဦးရဲ့ ရုပ်ပုံပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။



