လူနောက်လိုက်ပြီးဖောက်ခွဲတဲ့ ဒရုန်း

ဗီဒီယို ပုံစာ, လူနောက်လိုက်ပြီးဖောက်ခွဲတဲ့ ဒရုန်း
လူနောက်လိုက်ပြီးဖောက်ခွဲတဲ့ ဒရုန်း
ရေးသားခဲ့သည်။

ယူကရိန်းက ခါဆွန်မြို့မှာ သစ်သီးရောင်းသူတစ်ယောက်နောက်ကို ဒရုန်းတစ်စင်းက ပတ်လိုက်နေပြီး နောက်ဆုံးဖောက်ခွဲလိုက်တာကို တွေ့ရမှာပါ။ အဲဒီလူဟာ ခန္ဓာကိုယ်မှာ ဒဏ်ရာရသွားပေမဲ့ အသက်ရှင်ခဲ့တယ်လို့ ခါဆွန်စစ်ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒါ ရုရှားစစ်တပ်က အရပ်သားတွေကို “အမဲလိုက်သလို” လုပ်တဲ့ လုပ်ရပ်လို့ ယူကရိန်းကပြောပါတယ်။ ရုရှားဘက်ကတော့ အရပ်သားတွေကို တမင်ပစ်မှတ်ထားတာ လုံးဝမရှိဘူးလို့ အမြဲပြောခဲ့ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #ယူကရိန်း #ရုရှား