ဆေးပြား ၇ သောင်း အင်ဒိုနီးရှားကို ခိုးသွင်းတဲ့ လေယာဥ်မှူး
ဆေးပြား ၇ သောင်း အင်ဒိုနီးရှားကို ခိုးသွင်းတဲ့ လေယာဥ်မှူး
ရေးသားခဲ့သည်။
ဂျာကာတာနိုင်ငံတကာလေဆိပ်ကို ရောက်လာတဲ့ မလေးရှားလေကြောင်းက လေယာဥ်မှူးတစ်ယောက်ဟာ အိတ်ထဲမှာ မူးယစ်ဆေးပြား ခုနစ်သောင်းထည့်ယူလာတာကို စစ်ဆေးတွေ့ရှိလို့ ဖမ်းခံလိုက်ရပါတယ်။ သူဟာ မလေးရှား ကွာလာလမ်ပူကနေ မောင်းလာတဲ့ လေယာဥ်မှာ တွဲဘက်လေယာဥ်မှူးအဖြစ် ပါလာတာပါ။ သူ့ ခရီးဆောင်အိတ်ထဲမှာ အိတ် ၁၄ အိတ်နဲ့ခွဲထည့်လာတဲ့ ecstasy ဆေးပြား ၂၆ ကီလို ပါလာပြီး လက်ဆွဲအိတ်ထဲမှာတော့ မက်သာဖီတမင်း လေးဂရမ်ပါလာပါတယ်။ သူကိုယ်တိုင်လည်း မူးယစ်ဆေးသုံးထားပုံရတယ်လို့ အင်ဒိုနီးရှားအရာရှိတွေက ပြောပါတယ်။ အင်ဒိုနီးရှားမှာ မူးယစ်ဆေးမှောင်ခိုမှုကို ကြီးလေးတဲ့ ပြစ်ဒဏ်ချတတ်တာမို့ ဒီလေယာဥ်မှူးလည်း ပြစ်မှုထင်ရှားရင် သေဒဏ်ကျခံရနိုင်ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #မလေးရှား #အင်ဒိုနီးရှား #မူးယစ်ဆေး #မက်သာဖီတမင်း



