ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့ဖလားမှာ ဘောလုံးသမားတွေဘာကြောင့် ပန်းရောင်ဖိနပ်ဝတ်ကြသလဲ
ကမ္ဘာ့ဖလားမှာ ဘောလုံးသမားတွေဘာကြောင့် ပန်းရောင်ဖိနပ်ဝတ်ကြသလဲ
ရေးသားခဲ့သည်။
အခု ကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘောလုံးသမားအတော်များများဟာ ပန်းရောင်ဘောကန်ဖိနပ်တွေ ဝတ်ကြတာတွေ့ရပါတယ်။ ပန်းရောင်ဖိနပ်က ထရန်းဖြစ် ခေတ်စားနေတယ်လို့ ပြောလို့ရပါတယ်။ အကြောင်းတစ်ခုကတော့ ဘောလုံးကန်ဖိနပ် အဓိကထုတ်တဲ့ ကုမ္ပဏီ အမှတ်တံဆိပ်တွေဖြစ်တဲ့ နိုက်ကီး၊ အက်ဒီဒပ်စ်နဲ့ ပျူးမားတို့က ဒီနှစ် ကမ္ဘာ့ဖလားအတွက်ထုတ်ပေးတဲ့ ဖိနပ်တွေက ပုံစံဆင်တူတွေဖြစ်နေကြပြီး အရောင်ကလည်း ဆင်တူတွေ ဖြစ်နေကြပါတယ်။ စျေးကွက်ကျွမ်းကျင်သူတွေကတော့ ဒါ ဖြစ်လာမယ့် ထရန်းကို မှန်းဆတွက်ချက်ပြီး ထုတ်လုပ်ကြတာလို့ ယူဆပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #၂၀၂၆ ကမ္ဘာ့ဖလား #ဘောလုံး