ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာသိမ်းမှု နောက်ပိုင်း ကျောင်းသားဦးရေ နည်းလာ
အခုနှစ်ကျောင်းဖွင့်ရာသီအတွင်း အခြေခံပညာကျောင်းတွေမှာ လာရောက်ကျောင်းအပ်နှံသူ ၆ သန်းကျော်သာရှိခဲ့ပြီး ဒါဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ပညာရေးနဲ့ကင်းကွာသွားကြတဲ့ ကလေးအရေအတွက်ဟာ ထက်ဝက်ကျော်ရှိလာတယ်လို့ သုတေသနအဖွဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။ ကျောင်းပြင်ပကိုရောက်နေသူတွေထဲ ကျောင်းတက်ချင်တဲ့သူတွေကို placement test တွေဖြေခိုင်းပြီး တက်ရောက်ခွင့်ပြုထားပေမဲ့ အဆင်မပြေမှုတွေရှိနေတယ်လို့ဆိုပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲမှာလည်း စစ်ရှောင်ကလေးငယ်တွေ ပညာသင်ကြားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။