ဆင်ရိုင်းက ဘတ်စကားမှန်ကို ထိုးခွဲ
ဆင်ရိုင်းက ဘတ်စကားမှန်ကို ထိုးခွဲ
ရေးသားခဲ့သည်။
သီရိလင်္ကာမှာ လေတပ်က အရာရှိနဲ့စစ်သားတွေကိုတင်လာတဲ့ ဘတ်စကားကို တောဆင်ရိုင်းတစ်ကောင်က တိုက်ခိုက်ခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်းက ကီရင်ဒါမြို့မှာ ဇွန်လ ၂၃ ရက်နေ့က ဖြစ်သွားတာပါ။ ဆင်က ကားရှေ့မှန်ကို အစွယ်နဲ့ထိုးခွဲလိုက်တာလည်း တွေ့ရပါတယ်။ ကားပျက်စီးသွားပေမဲ့ ဒဏ်ရာရသူတော့ မရှိပါဘူး။ တောအုပ်နဲ့နီးတဲ့နေရာက လမ်းတွေပေါ် ဆင်ရိုင်းတွေ တက်လာပြီး ကားတွေကို ရန်မူတာမျိုး မကြာမကြာတွေ့ရတတ်ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #သီရိလင်္ကာ #ဆင် #တိရစ္ဆာန်



