ကုမ္ပဏီ ၁၀၀ ကျော် ဘဏ်အကောင့်တွေ အပိတ်ခံရ

ဗီဒီယို ပုံစာ, ကုမ္ပဏီ ၁၀၀ ကျော် ဘဏ်အကောင့်တွေ အပိတ်ခံရ
ကုမ္ပဏီ ၁၀၀ ကျော် ဘဏ်အကောင့်တွေ အပိတ်ခံရ
ရေးသားခဲ့သည်။

မြန်မာ ထိပ်သီးစီးပွားရေး ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီပေါင်း ၁၀၀ ကျော်ရဲ့ ဘဏ်အကောင့် ၁၀၀ ကျော် အခုရက်ပိုင်း အတွင်း အပိတ်ခံထားရပြီး ပိုင်ရှင်တွေကိုလည်း နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံထဲကို တရုတ်ကားတွေ တင်သွင်း ရောင်းချနေတဲ့ ကုမ္ပဏီတချို့ အပြင် ကားမျိုးစုံ အရောင်းအဝယ် လုပ်နေကြတဲ့ ကားကုမ္ပဏီတချို့နဲ့ စက်သုံးဆီ လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေပါ ပါဝင်နေပါတယ်။ အခုလို ဘဏ်အကောင့်တွေ ပိတ်လိုက်ပြီး အရေးယူဆောင်ရွက်တာနဲ့ နေပြည်တော်အထိ ခေါ်ယူ စစ်ဆေးနေတာ ဘာကြောင့်ပါလဲ။ ကိုမောင်က ပြောပြမှာပါ။