ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘေကျင်းက စက်ရုပ် အပြေးပြိုင်ပွဲ
ဘေကျင်းက စက်ရုပ် အပြေးပြိုင်ပွဲ
ဘေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ မာရသွန် တဝက်အပြေးပြိုင်ပွဲက တခြား ပြိုင်တွေနဲ့ မတူပါဘူး။ မတူရတဲ့ အကြောင်းက ပြိုင်ပွဲဝင်တွေက လူတွေမဟုတ်ဘဲ စက်ရုပ်တွေ ဖြစ်နေကြလို့ပါ။ စက်ရုပ်နည်းပညာမှာ ရှေ့တန်းရောက်နေပြီဆိုတာ ကမ္ဘာကို ပြသချင်နေတဲ့ တရုတ်ပြည်မှာ ကျင်းပခဲ့တဲ့ ၂၁ ကီလိုမီတာ အပြေးပြိုင်ပွဲမှာ ဗိုလ်စွဲသွားတဲ့ စက်ရုပ်က ဒီခရီးကို မိနစ် ၅၀၊ ၂၆ စက္ကန်နဲ့ ပြေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လူအပြေးသမားတွေရဲ့ အမြန်နှုန်းထက် အများကြီး ပိုမြန်နေတာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ တရုတ်ပြည်ဆိုင်ရာ သတင်းထောက် လော်ရာ ဗစ်ကာ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။