ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ပမြန်မာအလုပ်သမားတွေ အလည်ပြန်ရင် သံရုံးထောက်ခံစာလို
ပြည်ပမြန်မာအလုပ်သမားတွေ အလည်ပြန်ရင် သံရုံးထောက်ခံစာလို
ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက ပြည်ပကနေ မြန်မာနိုင်ငံကို ခွင့်နဲ့ အလည်ပြန်မယ့်သူတွေဟာ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးရဲ့ ထောက်ခံစာကို ယူဆောင်လာရမယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ သတ်မှတ်ချက်ကို မလိုက်နာရင် ပြည်ပထွက်ခွင့် ပိတ်ပင်တာတွေ၊ နာမည်ပျက်စာရင်း သွင်းခံရတာတွေ ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ မေလ ၁ ရက်နေ့မှာ စတင်မယ်ဆိုပြီး ဧပြီလ ၂၈ ရက် မနေ့က ကပ်ထုတ်ပြန်တာကြောင့် ဒီရက်ပိုင်း ပြည်တွင်းကို ခွင့်နဲ့ပြန်လာမယ့်သူတွေ ဘယ်လိုအခက်ခဲတွေ ရင်ဆိုင်ရနိုင်ပါသလဲ။ မသူဇာလင်းက ပြောပြမှာပါ။