TRI က တပ်ကို စွန့်ခွာသွားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ထုတ်ပြန်

TRI က တပ်ကို စွန့်ခွာသွားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ထုတ်ပြန်

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မိုးကုတ် TRI ဗျူဟာ ဆိုတဲ့ PDF တပ်ဖွဲ့ တစ်ခုက သူတို့ဆီကနေ စွန့်ခွာသွားသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ ကြေညာခဲ့ပါတယ်။ ဒီ အပြုအမူအပေါ် စိုးရိမ်ကြောင်း တော်လှန်ရေး အသိုင်းအဝိုင်းကြားမှာ ထောက်ပြမှုတွေ ရှိနေပါတယ်။ ကာယကံရှင် တပ်ဖွဲ့ကရော ဘာလို့ အခုလို လုပ်ရတာလဲ။ ကိုကျော်ဇေယျ စုစည်း ပြောပြပေးမှာပါ။