ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ထိပ်တန်း သံတမန် မြန်မာကို မနက်ဖြန် ရောက်မယ်
တရုတ် ထိပ်တန်း သံတမန် မြန်မာကို မနက်ဖြန် ရောက်မယ်
တရုတ် နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ဒီသီတင်းပတ် အတွင်းမှာ အရှေ့တောင်အာရှ သုံးနိုင်ငံ ခရီးစဉ် စတင်လိုက်ပါတယ်။ ဒီကနေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန် ဧပြီ ၂၅ မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အတုအယောင်ရွေး ကောက်ပွဲလို့ လူအများက ဝေဖန်ထားပြီး၊ သမ္မတဖြစ်ဖို့ အစီအစဥ်တကျ ဖန်တီးခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဦးဆောင်တဲ့ အသွင်ပြောင်းအစိုးရဆီကို တရုတ်ထိပ်တန်းသံတမန် လာရောက်တဲ့ ခရီးစဥ်က ဘယ်လိုအဓိပ္ပာယ်ဆောင်ပါသလဲ။ ကိုမိုးမြင့် က ပြောပြပေးမှာပါ။