ဘောလုံးသမားတွေ ‘အားကစားဘရာ’ တွေ ဝတ်နေကြတာလား

ဗီဒီယို ပုံစာ, ဘောလုံးသမားတွေ ‘အားကစားဘရာ’ တွေ ဝတ်နေကြတာလား
ဘောလုံးသမားတွေ ‘အားကစားဘရာ’ တွေ ဝတ်နေကြတာလား
ရေးသားခဲ့သည်။

ကမ္ဘာ့ဖလားမှာ ကိုယ့်ဖေးဘရိတ်ဘောလုံးသမားတွေ အနက်ရောင်ဘရာနဲ့တူတဲ့ အောက်ခံစွပ်ကျယ်မျိုးတွေ ဝတ်ထားတာ တွေ့ဖူးကြမှာပါ။ တကယ်တော့ အဲဒီအောက်ခံအင်္ကျီဟာ အဆင့်မြင့်နည်းပညာသုံးထားတဲ့ ဝတ်စုံပါ။ အားကစားသမားရဲ့ အပြေးမြန်နှုန်း၊ နှလုံးခုန်နှုန်းကနေ ဘယ်လောက်ပင်ပန်းနေပြီလဲ၊ ဒဏ်ရာရရင် ဘယ်လောက်မြန်မြန် မူလအနေအထားကို ပြန်ရောက်နိုင်သလဲဆိုတဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ပေးနိုင်ပါတယ်။ အဲဒီအချက်အလက်တွေကနေ ဘောလုံးသမားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ပေးနိုင်ပြီး တစ်ဦးချင်းကနေ အသင်းလိုက်အောင်မြင်မှုတွေ ရနိုင်ဖို့ မျှော်လင့်ကြတာပါ။ •

#ဘီဘီစီမြန်မာပိုင်း #၂၀၂၆ ကမ္ဘာ့ဖလား #ဘောလုံးပွဲ #နည်းပညာ