ဘန်ကောက် အရက်ဘား မီးလောင်မှု ၂၇ ဦး သေဆုံး

ဗီဒီယို ပုံစာ, ဘန်ကောက် အရက်ဘား မီးလောင်မှု ၂၇ ဦး သေဆုံး
ဘန်ကောက် အရက်ဘား မီးလောင်မှု ၂၇ ဦး သေဆုံး
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ချက်တူးချက် ရပ်ကွက်က အရက်ဘားဆိုင် မီးစွဲလောင်မှုအတွင်း အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့အပြီး မီးပေါ့ဆမှု ဖြစ်နိုင်သလား ဆိုတာကို ထိုင်းရဲတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ လူဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး အဲဒီထဲက အတော်များများရဲ့ အခြေအနေက စိုးရိမ်ရပါတယ်။ နောက်ထပ် လူအများအပြားလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒီမီးလောင်မှုဟာ ဘန်ကောက်မြို့တော် ချက်တူးချက် ရပ်ကွက်က အရက်ဘားမှာ စနေနေ့ည သန်းခေါင်ချိန် မတိုင်ခင်လေးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဘီဘီစီသတင်းထောက် ဂျော်နသန် ဟက်ဒ် သတင်းပေးပို့ထားတာကို ကိုရင်မောင်က ပြောပြမှာပါ။