ဖိလစ်ပိုင်မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေး မြန်မာဘက်က ဘယ်သူတက်မလဲ
ဖိလစ်ပိုင်မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေး မြန်မာဘက်က ဘယ်သူတက်မလဲ
အာဆီယံထိပ်သီးအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံမှာ မေလ ၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး ဒီကနေ့ကစလို့ အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး တွေရဲ့ အစည်းအဝေးတွေ စတင်ကျင်းပနေပါပြီ။ ဒီအာဆီယံ အစည်းအဝေးတွေကို မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရှိဖြစ်နေဆဲပါ။ ထိုင်းက ဦးဆောင်ပြီး မြန်မာအသွင်ပြောင်းအစိုးရကို အာဆီယံနဲ့ ပြန်လည်ထိတွေ့ဖို့ ကြိုးစားနေပြီး နေပြည်တော်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုလည်း ထိုင်းက ဘေးထွက် အစည်းအဝေးတွေ ဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်လိုတုံ့ပြန်လိုက်ပါသလဲ။ အခုတစ်ခေါက် အစည်းအဝေးတွေကို မြန်မာဘက်က ဘယ်သူတက်မှာပါလဲ။ ဒီအကြောင်း ကိုကျော်ဇေယျက ပြောပြပေးပါမယ်။



