FIFA အရာရှိတွေ ချေပ တုံ့ပြန်

blatter
ဓာတ်ပုံ ပုံစာ, မစ္စတာ ဘလတ္တာ ထိခိုက် ခံစားရနိုင်
ရေးသားခဲ့သည်။

FIFA ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ထိပ်တန်း အရာရှိကြီး ၃ ယောက်ကို ခြစားမှု စွဲချက်တွေနဲ့ ရာထူးက ရက် ၉ဝ ဆိုင်းငံ့ ခံရပြီးနောက် အပြစ်မရှိကြောင်း သူတို့ဘက် က ပြောဆိုခဲ့ပါတယ်။

ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ် ဘလတ္တာ က သူ ဘာမှ အမှား လုပ်မထားဘူး ဆိုတာ သက်သေ ပြပြီး အယူခံ တင်မယ် လို့ ပြောပါတယ်။

UEFA ဥရောပ ဘောလုံး အဖွဲ့ချုပ် အကြီး အကဲ Michel Platini ကတော့ သူ့ကို စွပ်စွဲမှု တွေဟာ အံ့အားသင့် စရာ ကောင်းအောင် သိမ်ဖျင်း လှတယ် လို့ ဆိုပါတယ်။

ဒါတွေကို တိုက်ဖျက် ချေပသွားမယ် လို့လည်း ဆိုပါတယ်။

UEFA က သူ့ကို အပြည့်အဝ ယုံကြည်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ခုချိန်မှာ သူ့ အလုပ်တာဝန်တွေ ထမ်းဆောင်မှာ မဟုတ်ဘူးလို့ မစ္စတာ Platini က ပြောပါတယ်။

FIFA အတွင်းရေးမှူးချုပ် Jerome Valcke ကလည်း သူ့ကို စွပ်စွဲချက် တွေကို ငြင်းဆန် ခဲ့ပါတယ်။

FIFA ဘောလုံး အဖွဲ့ချုပ် အမှုဆောင် အရာရှိဟောင်း Guido Tognoni ကတော့ ဒီလို ရာထူး လျှော့ချ ခံရတဲ့ အတွက် မစ္စတာ ဘလတ္တာ ဟာ ပုဂ္ဂိုလ်ရေး အရ တော်တော် ထိထိခိုက်ခိုက် ခံစားရလိမ့်မယ်လို့ ဆိုပါတယ်။