ပက်ရှ်ဝါမှာ ရှေ့နေတယောက် သတ်ဖြတ်ခံရ

Samiullah Afridi
ဓာတ်ပုံ ပုံစာ, Samiullah Afridi ပါကစ္စတန်က ထွက်ပြေးခဲ့
ရေးသားခဲ့သည်။

အယ်ခိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင် ကို စီအိုင်အေက ခြေရာခံ လိုက်နိုင်ဖို့ ကူညီ ခဲ့တဲ့ ဆရာဝန် ဒေါက်တာ Shakeel Afridi ရဲ့ ရှေ့နေဟောင်း Samiullah Afridi ပက်ရှ်ဝါ မှာ ကားမောင်း နေတုန်း သေနတ် သမား တွေက သတ်ဖြတ် သွား ခဲ့ပါတယ်။

သူဟာ ဒီဆရာဝန် ကို ရှေ့နေလိုက်ပေးခဲ့သူ ၄ ယောက်ထဲက တယောက်ပါ။

ဒီဆရာဝန် က အမေရိကန်ကို ကူညီခဲ့လို့ လွန်ခဲ့တဲ့ ၄ နှစ်က အိုစမာ ဘင်လာဒင် ကို အသေ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါက်တာ Afridi ကို စစ်သွေးကြွ တွေနဲ့ ဆက်စပ်မှု နဲ့ နှစ် ရှည် ထောင်ဒဏ်ချမှတ် ခဲ့ပါတယ်။

အမှု မပြီးခင်မှာ ဘဲ စစ်သွေးကြွ ခြိမ်းခြောက်မှု တွေ ရှိလို့ ဆိုပြီး Samiullah Afridi ပါကစ္စတန်က ထွက်ပြေးခဲ့ပါတယ်။

အခု သူအိမ် အလည် ပြန်လာတုန်း သတ်ဖြတ်ခံရတာလို့ သိရပါတယ်။

တာလီဘန် ခွဲထွက်အဖွဲ့ တခုက ဒီသတ်ဖြတ်မှုဟာ သူတို့ လက်ချက် လို့ ကြေညာ သွားပါတယ်။