အီးယူ ကော်မရှင်နာ ၂၈ ဦးကို ရွေးချယ် ထုတ်ပြန်

အီယူအဖွဲ့ထဲမှာ ယူကေကို ဆက်ရှိစေချင်တဲ့ Jean-Claude Juncker

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, အီယူအဖွဲ့ထဲမှာ ယူကေကို ဆက်ရှိစေချင်တဲ့ Jean-Claude Juncker
ရေးသားခဲ့သည်။

ဥရောပ ကော်မရှင် ဥက္ကဌ အဖြစ် ရွေးချယ်ခံထားရတဲ့ Jean-Claude Juncker က လာမယ့် ၅ နှစ် အတွက် ဥရောပ မူဝါဒတွေကို ကြီးကြပ် ကွပ်ကဲမယ့် ကော်မရှင်နာ ၂၈ ယောက်ကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ယူရို ငွေကြေးကို ကာကွယ်ဖို့ တာဝန်ယူရမယ့် စီးပွားရေးနဲ့ ငွေကြေး မူဝါဒ ဆိုင်ရာ ကော်မရှင်နာ ရာထူးအတွက် ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီးဟောင်း လက်ဝဲယိမ်း သမား Pierre Moscovici ကို ရွေးခဲ့ပါတယ်။

ဒါပေမယ့် ငွေကြေး တည်ငြိမ်မှုနဲ့ ဘဏ္ဍာရေး မူဝါဒ အကောင်အထည် ဖော်ရေးတို့ကို ဆောင်ရွက်ရမယ့် စီးပွားရေး ဆိုင်ရာ တခြား ရာထူးတွေ ကိုတော့ ဗြိတိန်က Jonathan Hill အပါအဝင် ဗဟို လက်ယာယိမ်း နိုင်ငံရေး သမားတွေကို ပေးခဲ့ပါတယ်။

ဒုတိယ ဥက္ကဋ္ဌ နေရာ ၇ နေရာ အနက် ၃ နေရာမှာ အမျိုးသမီးတွေကို ခန့်ထားလိုက်ပါတယ်။