တတိယမြောက် ချားလ်စ် ဘုရင်ဖြတ်သန်းခဲ့တဲ့ ဘဝ ရုပ်ပုံလွှာများ

အသက် ၆၀ ပြည့် မွေးနေ့တုန်းက တွေ့ရတဲ့ ချားလ်စ် မင်းသားဘဝ
ရေးသားခဲ့သည်။

ဗြိတိန်နိုင်ငံသမိုင်းမှာ ထီးနန်းဆက်ခံမယ့်သူအဖြစ် သက်တမ်းအကြာဆုံး ရှိနေခဲ့တဲ့ တတိယမြောက် ချားလ်စ်ဟာ အခုတော့ ဘုရင်ကြီး ဖြစ်လာပါပြီ။ နှစ်ပေါင်း ၇၀ ကြာ ထီးမွေဆက်ခံမယ့်သူအဖြစ် ရှိနေခဲ့ပြီး နန်းတက်လာတဲ့ အသက်အကြီးဆုံး ဧကရာဇ် မင်း ဖြစ်ပါတယ်။

သက်တော် ၇၃ နှစ် အရွယ် တတိယမြောက် ချားလ်စ် ဘုရင်ကြီးရဲ့ အရေးကြီးတဲ့ ဘဝပုံရိပ် တချို့ကို ပြန်ကြည့်ကြပါမယ်။

1px transparent line
ဘုရင်မကြီး အဲလစ်ဇဘက်မင်းသမီး ဘဝ ၁၉၄၈ ခုနှစ်က ပထမဆုံး ရင်သွေး (အခု တတိယမြောက် ချားလ်စ် ဘုရင် ) ကင်ပွန်းတပ်ပွဲမှာ တွေ့ရတဲ့ပုံဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ချားလ်စ် ဖိလစ် အာသာ ဂျော့ချ် ကို ၁၉၄၈ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှာ ဖွားမြင်ခဲ့ပါတယ်။ သူ့ မယ်တော်က ဘုရင်မအဖြစ် ထီးနန်း ဆက်ခံတုန်းက သူ့ အသက် ၃ နှစ်သာ ရှိပါသေးတယ်။
1px transparent line
၁၉၄၉ ခုနှစ် ဇူလိုင်လက ဆာရေး အရပ်မှာရှိတဲ့ ဝင်ဒယ်လ်ရှမ် မော မှာတွေ့ရတဲ့ အင်္ဂလန်က အဲလစ်ဇဘက် မင်းသမီး၊ သူ့ခင်ပွန်း အီဒင်ဘာရာ မြို့စားကြီး ဖိလစ်မင်းသားနဲ့ ရင်သွေး ချားလ်စ်၊
ဓာတ်ပုံ ပုံစာ, ရေတပ်အရာရှိ တာဝန်ထမ်းဆောင်နေတဲ့ ဖခင် မင်းသား ဖိလစ်ဆီ မိခင်လိုက် သွားခဲ့ချိန်က ၁ နှစ်သား အရွယ်ပဲရှိပါသေးတယ်။ အဲဒီအချိန်က ပထမဆုံး မိဘနဲ့ ခွဲခွာနေရပြီး နောက်ပိုင်း မကြာခဏ ခွဲနေရတဲ့ အတွေ့အကြုံတွေရှိခဲ့ပါတယ်။
မိဘတွေနဲ့ ခွဲနေရချိန် ချားလ်စ်ဟာ ကလေးထိန်း ဝန်ထမ်းရဲ့ စောင့်ရှောက်မှုအောက်မှာ နေခဲ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, မိဘတွေနဲ့ ခွဲနေရချိန် ချားလ်စ်ဟာ ကလေးထိန်း ဝန်ထမ်းရဲ့ စောင့်ရှောက်မှုအောက်မှာ နေခဲ့ရပါတယ်။
1px transparent line
ထီးနန်းအမွေဆက်ခံရမယ့် ချားလ်စ်ဟာ ကျောင်းမတက်ခင် အသက် ၈ နှစ် အရွယ်အထိ အိမ်မှာပဲ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်က ဘောလုံးကစားနေတဲ့ပုံ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ထီးနန်းအမွေဆက်ခံရမယ့် ချားလ်စ်ဟာ ကျောင်းမတက်ခင် အသက် ၈ နှစ် အရွယ်အထိ အိမ်မှာပဲ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်က ဘောလုံးကစားနေတဲ့ပုံ ဖြစ်ပါတယ်။
သူက ဘုရင်မကြီးရဲ့ မယ်တော်ဖြစ်တဲ့ အဘွားဖြစ်သူနဲ့ အလွန် ချစ်ခင်ရင်းနှီးပါတယ်။
ဓာတ်ပုံ ပုံစာ, သူက ဘုရင်မကြီးရဲ့ မယ်တော်ဖြစ်တဲ့ သူ့အဘွားဖြစ်သူနဲ့ အလွန် ချစ်ခင်ရင်းနှီးပါတယ်။
1px transparent line
သူ့ကို အကြမ်းခံနိုင်အောင် လေ့ကျင့်ပေးတဲ့ အနေနဲ့ စကော့တလန်က Gordonstoun ကျောင်းကို စေလွှတ် ပညာသင်စေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို အနိုင်ကျင့်တာတွေ ခံခဲ့ရပြီး အဲဒီကနေ ထွက်ခွင့်ပြုဖို့ မိဘတွေကို တောင်းပန်ခဲ့ပါတယ်။ ဒါက ၁၉၆၇ မှာ ချားလ်စ် မင်းသားရဲ့ နောက်ဆုံးကျောင်းတက်မှာ အဲလစ်ဇဘက် ဘုရင်မကြီး လာရောက် လာပတ်ခဲ့ပုံပါ။
ဓာတ်ပုံ ပုံစာ, သူ့ကို အကြမ်းခံနိုင်အောင် လေ့ကျင့်ပေးတဲ့ အနေနဲ့ စကော့တလန်က Gordonstoun ကျောင်းကို စေလွှတ် ပညာသင်စေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို အနိုင်ကျင့်တာတွေ ခံခဲ့ရပြီး အဲဒီကနေ ထွက်ခွင့်ပြုဖို့ မိဘတွေကို တောင်းပန်ခဲ့ပါတယ်။ ဒါက ၁၉၆၇ မှာ ချားလ်စ် မင်းသားရဲ့ နောက်ဆုံးကျောင်းတက်မှာ အဲလစ်ဇဘက် ဘုရင်မကြီး လာရောက် လာပတ်ခဲ့ပုံပါ။
1px transparent line
ချားလ်စ်က ရှေးဟောင်းသုတေသနနဲ့ မနုဿဗေဒ ဘာသာရပ်ကို ပထမ သင်ယူခဲ့ပြီး ကိန်းဘရစ်ချ်က ထရင်နတီ ကောလိပ်မှာ သမိုင်းဘာသာ သင်ယူခဲ့ပါတယ်။ သူဟာ ဒီဂရီ ပြီးအောင်ယူခဲ့တဲ့ ပထမဆုံး နန်းလျာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ချားလ်စ်က ရှေးဟောင်းသုတေသနနဲ့ မနုဿဗေဒ ဘာသာရပ်ကို ပထမ သင်ယူခဲ့ပြီး ကိန်းဘရစ်ချ်က ထရင်နတီ ကောလိပ်မှာ သမိုင်းဘာသာ သင်ယူခဲ့ပါတယ်။ သူဟာ ဒီဂရီ ပြီးအောင်ယူခဲ့တဲ့ ပထမဆုံး နန်းလျာ ဖြစ်ပါတယ်။
၁၉၆၉ ခုနှစ်က ကနာဗန် ရဲတိုက်ကြီးမှာ ဝေလမင်းသား အဖြစ် အပ်နှင်းတဲ့ အခမ်းအနားမှာ အင်္ဂလိပ်၊ ဝက်လ်ရှ် နှစ်ဘာသာနဲ့ သူ မိန့်ခွန်းပြောခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၆၉ ခုနှစ်က ကနာဗန် ရဲတိုက်ကြီးမှာ ဝေလမင်းသား အဖြစ် အပ်နှင်းတဲ့ အခမ်းအနားမှာ အင်္ဂလိပ်၊ ဝက်လ်ရှ် နှစ်ဘာသာနဲ့ သူ မိန့်ခွန်းပြောခဲ့ပါတယ်။
Dartmouth က Royal Naval College ကို မပြောင်းရွှေ့ခင် မိသားစု စစ်မှုထမ်းတဲ့ အစဉ်အလာအတိုင်း RAF Cranwell မှာ လေယာဉ်မှူး ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, Dartmouth က Royal Naval College ကို မပြောင်းရွှေ့ခင် မိသားစု စစ်မှုထမ်းတဲ့ အစဉ်အလာအတိုင်း RAF Cranwell မှာ လေယာဉ်မှူး ဖြစ်ခဲ့ပါတယ်။
King Charles III tackles an assault course at the Royal Marines Training Centre in Lympstone, Devon, and achieves a first-class pass, 13 January 1975.
ဓာတ်ပုံ ပုံစာ, စစ်ရေးလေ့ကျင့်မှုတွေ အပြင်းအထန်လုပ်ခဲ့ပါတယ်။ ရေငုပ်သင်္ဘောထဲကနေ လွတ်မြောက်အောင်လုပ်တာ၊ ရေငုပ်သမား၊ ကွန်မန်ဒို တပ်သားအဖြစ် လေ့ကျင့်တာ စတဲ့ စစ်ရေးလေ့ကျင့်မှုတွေ တသီတတန်း လုပ်ခဲ့ပြီး "Action Man" ဆိုတဲ့ ဂုဏ်ပုဒ်ရခဲ့ပါတယ်။
Prince Charles boarding HMS Bronington, 9 February 1976
ဓာတ်ပုံ ပုံစာ, သင်္ဘောအမျိုးမျိုးမှာ အမှုထမ်းခဲ့ပြီး နောက်ဆုံးတာဝန်ကို HMS Bronington ဆိုတဲ့ တော်ဝင် ရေတပ်က မိုင်းရှင်း သင်္ဘောကြီးရဲ့ တပ်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
1px transparent line
အသက် ၃၀ နားကပ်လာတော့ ဝေလမင်းသားဟာ playboy တယောက် အဖြစ် လူသိများလာခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, အသက် ၃၀ နားကပ်လာတော့ ဝေလမင်းသားဟာ playboy တယောက် အဖြစ် လူသိများလာခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တယောက် ဖြစ်ခဲ့ပါတယ်။ ပိုလို၊ ရေကူးနဲ့ ရွက်တပ်ဘုတ်ပြားပေါ်မှာ ပင်လယ်လှိုင်း စီးတာတွေ လုပ်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ကမ္ဘာပေါ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တယောက် ဖြစ်ခဲ့ပါတယ်။ ပိုလို၊ ရေကူးနဲ့ ရွက်တပ်ဘုတ်ပြားပေါ်မှာ ပင်လယ်လှိုင်း စီးတာတွေ လုပ်ခဲ့ပါတယ်။
ကမီလာ ပါကာ ဘိုးလ်စ် အပါအဝင် အမျိုးသမီးတော်တော်များများနဲ့ ချစ်ရေးချစ်ရာ ပတ်သက်မှုတွေ ရှိခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ကမီလာ ပါကာ ဘိုးလ်စ် အပါအဝင် အမျိုးသမီးတော်တော်များများနဲ့ ချစ်ရေးချစ်ရာ ပတ်သက်မှုတွေ ရှိခဲ့ပါတယ်။
တော်ဝင် ခရီးစဉ်တွေ အများအပြားလုပ်ဆောင်ခဲ့ပြီး ပရဟိတလုပ်ငန်းတွေ အတွက် Prince's ဖွဲ့စည်းရာမှာ သူပါဝင်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, တော်ဝင် ခရီးစဉ်တွေ အများအပြားလုပ်ဆောင်ခဲ့ပြီး ပရဟိတလုပ်ငန်းတွေ အတွက် Prince's Trust ဖွဲ့စည်းရာမှာ သူပါဝင်ခဲ့ပါတယ်။
၁၉၈၁ ခုနှစ်က သတင်းမီဒီယာတွေမှာ အကြီးအကျယ် ထင်ကြေးပေး ဖော်ပြမှုတွေ ဖြစ်ခဲ့ပြီးနောက် ချားလ်စ်က လေဒီဒိုင်ယာနာ ဆပန်စာနဲ့ စေ့စပ်ကြောင်း ကြေညာခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၈၁ ခုနှစ်က သတင်းမီဒီယာတွေမှာ အကြီးအကျယ် ထင်ကြေးပေး ဖော်ပြမှုတွေ ဖြစ်ခဲ့ပြီးနောက် ချားလ်စ်က လေဒီဒိုင်ယာနာ ဆပန်စာနဲ့ စေ့စပ်ကြောင်း ကြေညာခဲ့ပါတယ်။
1px transparent line
နောက် ငါးလ အကြာ စိန့်ပေါ ဘုရားကျောင်းမှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့ မောင်နှံကို ခဏလေး တွေ့မြင်ခွင့်ရဖို့ ကြိုးစားတဲ့ ခန့်မှန်းခြေ လူပေါင်း ၆ သိန်းလောက်ဟာ လန်ဒန်မြို့က လမ်းမတွေပေါ်မှာ လူပင်လယ်ကြီးသဖွယ် ပြည့်နှက်နေခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, နောက် ငါးလ အကြာ စိန့်ပေါ ဘုရားကျောင်းမှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့ မောင်နှံကို ခဏလေး တွေ့မြင်ခွင့်ရဖို့ ကြိုးစားတဲ့ ခန့်မှန်းခြေ လူပေါင်း ၆ သိန်းလောက်ဟာ လန်ဒန်မြို့က လမ်းမတွေပေါ်မှာ လူပင်လယ်ကြီးသဖွယ် ပြည့်နှက်နေခဲ့ပါတယ်။
ဟန်းနီးမွန်း ခရီးရဲ့ နောက်ဆုံး ခရီးတထောက်ဖြစ်တဲ့ စကော့တလန်က ဘဲလ်မော်ရဲလ် ရဲတိုက် ပရဝဏ် အတွင်းမှာ တွေ့ရတဲ့ စုံတွဲ။
ဓာတ်ပုံ ပုံစာ, ဟန်းနီးမွန်း ခရီးရဲ့ နောက်ဆုံး ခရီးတထောက်ဖြစ်တဲ့ စကော့တလန်က ဘဲလ်မော်ရဲလ် ရဲတိုက် ပရဝဏ် အတွင်းမှာ တွေ့ရတဲ့ စုံတွဲ။
The couple with their children Prince William and Prince Harry looking out from the deck of the Royal Yacht Britannia on 5 May 1985 in Venice, Italy.
ဓာတ်ပုံ ပုံစာ, ၁၉၈၂ မှာ မင်းသား ဝီလျံနဲ့ ၁၉၈၄ ခုနှစ်မှာ ညီငယ်မင်းသား ဟယ်ရီတို့ကို မွေးဖွားခဲ့ပေမဲ့ ချားလ်စ်နဲ့ ဒိုင်ယာနာတို့ရဲ့ အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ ရှိလာခဲ့ပြီး စေ့စပ်ညှိနှိုင်းလို့မရတဲ့ မတူညီမှုတွေကြောင့် ဆိုပြီး ၁၉၉၆ ခုနှစ် ဇူလိုင်လမှာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။
၁၉၉၇ ခုနှစ်မှာ ပဲရစ်မြို့တော်မှာ ဖြစ်ခဲ့တဲ့ ကားတိုက်မှုမှာ ဒိုင်ယာနာ ရုတ်တရက် သေဆုံးသွားပြီးနောက် ချားလ်စ် က တော်ဝင်ဈာပန အခမ်းအနား ကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၉၇ ခုနှစ်မှာ ပဲရစ်မြို့တော်မှာ ဖြစ်ခဲ့တဲ့ ကားတိုက်မှုမှာ ဒိုင်ယာနာ ရုတ်တရက် သေဆုံးသွားပြီးနောက် ချားလ်စ် က တော်ဝင်ဈာပန အခမ်းအနား ကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒိုင်ယာနာ ကွယ်လွန်မှုကြောင့် ဘုရင်စနစ်ရဲ့ ပုံရိပ်ကို ပြန် စဉ်းစားဖို့ တွန်းအားတွေ ရှိခဲ့ပါတယ်။ ချားလ်စ် ကလည်း သားတွေကို ပြုစုစောင့်ရှောက်ပြီး ပံ့ပိုးပေးသူ ဖခင်တစ်ယောက်၊ ခေတ်သစ် နန်းလျာတစ်ယောက် အဖြစ်အလျင်အမြန် ပြောင်းလဲသွားခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ဒိုင်ယာနာ ကွယ်လွန်မှုကြောင့် ဘုရင်စနစ်ရဲ့ ပုံရိပ်ကို ပြန် စဉ်းစားဖို့ တွန်းအားတွေ ရှိခဲ့ပါတယ်။ ချားလ်စ် ကလည်း သားတွေကို ပြုစုစောင့်ရှောက်ပြီး ပံ့ပိုးပေးသူ ဖခင်တစ်ယောက်၊ ခေတ်သစ် နန်းလျာတစ်ယောက် အဖြစ်အလျင်အမြန် ပြောင်းလဲသွားခဲ့ပါတယ်။
The Prince of Wales joins a children's game of basketball
ဓာတ်ပုံ ပုံစာ, ဒိုင်ယာနာသေဆုံးပြီးနောက်မှာ ခံစားချက်မရှိ၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့တယ်လို့ စွပ်စွဲမှုတွေခံခဲ့ရတဲ့ ချားလ်စ်ဟာ ပုံရိပ်သစ် ဖန်တီးဖို့နဲ့ လူအများနဲ့ ချိတ်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်။
သဘာဝနည်းနဲ့ စိုက်ပျိုးမွေးမြူရေး၊ ဓာတုနည်းနဲ့ ဖော်စပ်တဲ့ ဆေးဝါးတွေ မသုံးတဲ့ သဘာဝကုထုံးတွေကို သူထောက်ခံတယ်၊ မျိုးဗီဇ ပြုပြင်ထားတဲ့ ကောက်ပဲသီးနှံတွေကို ဆန့်ကျင်တယ် ဆိုတာတွေနဲ့ ကိစ္စရပ် အများအပြားနဲ့ ပတ်သက်လို့ သူ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, သဘာဝနည်းနဲ့ စိုက်ပျိုးမွေးမြူရေး၊ ဓာတုနည်းနဲ့ ဖော်စပ်တဲ့ ဆေးဝါးတွေ မသုံးတဲ့ သဘာဝကုထုံးတွေကို သူထောက်ခံတယ်၊ မျိုးဗီဇ ပြုပြင်ထားတဲ့ ကောက်ပဲသီးနှံတွေကို ဆန့်ကျင်တယ် ဆိုတာတွေနဲ့ ကိစ္စရပ် အများအပြားနဲ့ ပတ်သက်လို့ သူ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောခဲ့ပါတယ်။
ခေတ်မီ ဗိသုကာပညာကိုဝေဖန်ပြီး မြို့ပြ အစီအစဉ်အတွက် သူ့အမြင်ကို Dorset နယ်က Poundbury ရွာမှာ ဖော်ဆောင် အောင်မြင်ခဲ့ ပါတယ်။
ဓာတ်ပုံ ပုံစာ, ခေတ်မီ ဗိသုကာပညာကိုဝေဖန်ပြီး မြို့ပြ အစီအစဉ်အတွက် သူ့အမြင်ကို Dorset နယ်က Poundbury ရွာမှာ ဖော်ဆောင် အောင်မြင်ခဲ့ ပါတယ်။
၂၀၀၂ ခုနှစ်က သက်တော် ၁၀၁ နှစ်မှာ အိပ်ပျော်နေစဉ် ကွယ်လွန်သွားခဲ့တဲ့ ဘုရင်မကြီး မယ်တော်၊ သူ့ရဲ့ အဘွား အကြောင်း စိတ်ခံစားမှု အပြည့်နဲ့ ပြောခဲ့ပါတယ်။ လန်ဒန်မြို့က ဝက်စ်မင်န်စတာခန်းမမှာ ရုပ်အလောင်း ထားရှိစဉ် သူ မလှုပ်မယှက်ရပ်နေခဲ့ပြီး ဂါရဝ ပြုခဲ့ ပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၀၂ ခုနှစ်က သက်တော် ၁၀၁ နှစ်မှာ အိပ်ပျော်နေစဉ် ကွယ်လွန်သွားခဲ့တဲ့ ဘုရင်မကြီး မယ်တော်၊ သူ့ရဲ့ အဘွား အကြောင်း စိတ်ခံစားမှု အပြည့်နဲ့ ပြောခဲ့ပါတယ်။ လန်ဒန်မြို့က ဝက်စ်မင်န်စတာခန်းမမှာ ရုပ်အလောင်း ထားရှိစဉ် သူ မလှုပ်မယှက်ရပ်နေခဲ့ပြီး ဂါရဝ ပြုခဲ့ ပါတယ်။
1px transparent line
King Charles III and the Queen Consort arrive for a party at Windsor Castle after announcing their engagement earlier, 10 February, 2005.
ဓာတ်ပုံ ပုံစာ, နှစ်ပေါင်းများစွာကြာအောင် သူနဲ့ ကမီလာပါကာဘိုးလ်စ် တို့ အချစ်ရေးကို ချားလ်စ်က ထိန်းသိမ်းထားခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်က ပထမဆုံး တွေ့ဆုံခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာခဲ့ ပါတယ်။
သူဟာ အရပ်သား အခမ်းအနားနဲ့ မင်္ဂလာဆောင်တဲ့ ပထမဆုံးသော တော်ဝင်မိသားစုဝင် ဖြစ်လာပါတယ်။ မစ္စစ် ပါကာဘိုးလ်စ်က ကွန်းဝေါ မြို့စား ဖြစ်လာခဲ့ပြီး ချားလ်စ်က ထီးနန်း ဆက်ခံချိန်မှာ ကြင်ယာတော် မိဖုရား ဖြစ်လာပါတယ်။
ဓာတ်ပုံ ပုံစာ, သူဟာ အရပ်သား အခမ်းအနားနဲ့ မင်္ဂလာဆောင်တဲ့ ပထမဆုံးသော တော်ဝင်မိသားစုဝင် ဖြစ်လာပါတယ်။ မစ္စစ် ပါကာဘိုးလ်စ်က ကွန်းဝေါ မြို့စား ဖြစ်လာခဲ့ပြီး ချားလ်စ်က ထီးနန်း ဆက်ခံချိန်မှာ ကြင်ရာတော် မိဖုရား ဖြစ်လာပါတယ်။
Queen Elizabeth II, the Duke of Edinburgh, King Charles III and the Queen consort taking their seats at Westminster Abbey.
ဓာတ်ပုံ ပုံစာ, ၂၀၁၁ ခုနှစ်မှာ သားတော်ကြီး မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်လ်တန်တို့ ဝက်စ်မင်စတာ ဘုရားကျောင်းမှာ လက်ထပ်ခဲ့ပါတယ်။
ဘုရင့်မြေးတော် ဂျော့ချ် မင်းသားနဲ့ ရှားလတ် မင်းသမီး တို့ကို ၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ်မှာ ဖွားမြင်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ဘုရင့်မြေးတော် ဂျော့ချ် မင်းသားနဲ့ ရှားလတ် မင်းသမီး တို့ကို ၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ်မှာ ဖွားမြင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က မင်းသား ဟယ်ရီနဲ့ လက်ဆက်တဲ့ မက်ဂန် မာကဲလ်ကို ချားလ်စ် ဘုရင်က ဘုရားကျောင်းထဲကို လက်တွဲ ခေါ်ဆောင် သွားခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်က မင်းသား ဟယ်ရီနဲ့ လက်ဆက်တဲ့ မက်ဂန် မာကဲလ်ကို ချားလ်စ် ဘုရင်က ဘုရားကျောင်းထဲကို လက်တွဲ ခေါ်ဆောင် သွားခဲ့ပါတယ်။
1px transparent line
၂၀၂၁ ခုနှစ်က ဝင်ဆာ ရဲတိုက်မှာ ဖခင်ဖြစ်သူ ဈာပနကျင်းပစဉ် မင်းသားကြီး ဖိလစ်ရဲ့ ရုပ်အလောင်းနောက်ကနေ ဦးဆောင် စီတန်း လှည့်လည်နေစဉ်မှာ အဲဒီအချိန်က ဝေလမင်းသား ချားလ်စ် မင်းသား စိတ်မကောင်းဖြစ်နေတာ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်က ဝင်ဆာ ရဲတိုက်မှာ ဖခင်ဖြစ်သူ ဈာပနကျင်းပစဉ် မင်းသားကြီး ဖိလစ်ရဲ့ ရုပ်အလောင်းနောက်ကနေ ဦးဆောင် စီတန်း လှည့်လည်နေစဉ်မှာ အဲဒီအချိန်က ဝေလမင်းသား ချားလ်စ် စိတ်မကောင်းဖြစ်နေတာ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။
1px transparent line
King Charles III with the Queen Consort, Prince Harry and Meghan Markle pose for a photograph during the King's 70th Birthday Patronage Celebration, held at Buckingham Palace on May 22, 2018.
ဓာတ်ပုံ ပုံစာ, တော်ဝင်မိသားစုအပေါ် လူထု သဘောထားတွေ ပြောင်းလဲလာနေချိန်မှာ ချားလ်စ်က ဘုရင် ဖြစ်လာပါတယ်။
1px transparent line

ဓာတ်ပုံများအားလုံးတွင် မူပိုင်ခွင့်ရှိပါသည်။