ထင်ပေါ်ကျော်ကြားသူတွေရဲ့ လှပဆန်းပြားတဲ့ ဝတ်စုံတွေ

Laverne Cox
ဓာတ်ပုံ ပုံစာ, Laverne Cox က မိတ်ကပ်ထူထူလိမ်းပြီး အနက်ရောင်တောက်တောက် ပွဲတက်ဝတ်စုံ ကိုဝတ်ဆင်ခဲ့ပါတယ်
ရေးသားခဲ့သည်။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ The Met Gala လို့ ခေါ်တဲ့ ၂၀၁၉ ခုနှစ် ဝတ်စုံပြပွဲပြိုင်ပွဲကို နယူးယောက်မြို့ မက်ထရိုပိုလီတန် အနုပညာပြတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

Met Gala ကို ကမ္ဘာမှာ အကြီးကျယ်ဆုံး ဖက်ရှင်ပွဲကြီး တခု အဖြစ်လည်း သတ်မှတ်ကြပါတယ်။

နှစ်စဉ် အကြောင်းအရာ ခေါင်းစီးတစ်ခုနဲ့ ကျင်းပလေ့ရှိတဲ့ ဒီပွဲကို အထူးသီးသန့် ဧည့်သည်တော်တွေကို ဖိတ်ကြားလေ့ရှိပြီး ဝင်ခွင့်လက်မှတ်တွေက စျေးအရမ်းကြီးပါတယ်။

ဒီပွဲကို ရုပ်ရှင်မင်းသမီး မင်းသား ၊ အဆိုတော်တွေ စတဲ့ ထင်ရှားလူသိများတဲ့ အထူးဧည့်သည်တော်တွေဟာ ခေါင်းစီးအကြောင်းအရာနဲ့ လိုက်ဖက်အောင် အလွန်အကျွံဆန်းဆန်းပြားပြားဖက်ရှင်ထွင် ဝတ်ဆင် တက်ရောက် လာကြပါတယ်။

ဒီနှစ်အတွက် ခေါင်းစီးအကြောင်းအရာက ၁၉၆၄ ခုနှစ်က အမေရိကန် စာရေးဆရာမလည်းဖြစ် နိုင်ငံရေးလှုပ်ရှားသူလည်းဖြစ်တဲ့ Susan Sontagရဲ့ Notes on Camp စာတမ်းတိုကို အခြေခံပြီး Camp; Notes on Fashion လို့ သတ်မှတ်ခဲ့ကြပါတယ်။ Camp ကို ဟန်အမူအယာ၊ ဇာတ်ဟန်၊လိင်တူချစ်သူတွေရဲ့ ဟန် စသဖြင့် ဖက်ရှင် ဒီဇိုင်းနာတွေက အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

ဒါကြောင့် ဒီနှစ် ဝတ်ဆင်ကြတဲ့ ဝတ်စုံတွေဟာ ဖက်ရှင် တီထွင်သူတွေရဲ့ ကိုယ့်ဘာသာကိုယ် အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် အခြေခံ ပြီး ရယ်စရာ၊ သရော်စရာ၊ ပန်းချီ ဂီတ ပုံစံ စတာတွေနဲ့ အလွန်အကျွံ အဆန်းထွင် ချုပ်လုပ်ထားတာတွေဖြစ်ပါတယ်။

ဒီပြပွဲညကို အဆိုတော်ကြီးလေဒီဂါဂါဟာ အောက်ခြေကားကား ကြီးမားတဲ့ ပန်းရောင်ဝတ်စုံပွပွကြီး ကို ဝတ်ဆင်ပြီး ရောက်ရှိလာခဲ့ပါတယ်။

လေဒီဂါဂါ
ဓာတ်ပုံ ပုံစာ, ဝတ်စုံပြပွဲမှာ ပူးတွဲ အစီအစဉ်တင်ဆက်မယ့် အဆိုတော် လေဒီဂါဂါ ဟာ ပန်းရောင် ဂါဝန်ပွပွကြီး ဝတ်ဆင်ပြီး ရောက်လာခဲ့ပါတယ်
လေဒီဂါဂါ
ဓာတ်ပုံ ပုံစာ, လေဒီဂါဂါရဲ့ ဒုတိယဝတ်စုံက အနက်ရောင် ပွဲတက်ဂါဝန်ကြီးပါ
လေဒီဂါဂါ
ဓာတ်ပုံ ပုံစာ, ဒါကတော့ လေဒီဂါဂါရဲ့ ပန်းရောင် ကိုယ်နဲ့ ကပ်ကပ်ရပ်ရပ် ချပ်ချပ်လေး တတိယဝတ်စုံ၊
လေဒီဂါဂါ
ဓာတ်ပုံ ပုံစာ, လေဒီဂါဂါက သူရဲ့ တတိယဝတ်စုံကို ချွတ်ချပြီး သူရဲ့ နောက်ဆုံး ဝတ်စုံကိုပြသခဲ့ပါတယ်
ဆရီနာဝီလျံ
ဓာတ်ပုံ ပုံစာ, အစီအစဉ်တင်ဆက်မယ့် နောက်တဦးက ထိပ်တန်းတင်းနစ်မယ် ဆရီနာ ဝီလျံပါ။ သူကတော့ အဝါရောင် နိုက်ကီဖိနပ်နဲ့ လိုက်လျောညီထွေ အဝါရောင် ဂါဝန်ရှည်ကြီးနဲ့ ရောက်လာပါတယ်၊
ဂျနဲ မိုနေး
ဓာတ်ပုံ ပုံစာ, အဆိုတော် ဂျနဲ မိုနေး ကတော့ ဦးထုပ်လေးလုံးဆင့်ဆောင်းပြီး ကိုယ်တခြမ်းဖေါ်ဂါဝန်နဲ့ မျက်တောင်ရှည် မျက်လုံးတဖက် ဝတ်စုံနဲ့
Presentational white space
လူပီတာညောင်ငို
ဓာတ်ပုံ ပုံစာ, ကင်ညာရုပ်ရှင်မင်းသမီး လူပီတာ ညောင်ငို ကတော့ အပြုံးလေးနဲ့ပါ၊
မိုက်ကယ်ယူရီ
ဓာတ်ပုံ ပုံစာ, ရုပ်ရှင်မင်းသား မိုက်ကယ် ယူရီက အမျိုးသမီးဝတ်စုံတခြမ်း အမျိုးသားဝတ်စုံတခြမ်း ဝတ်ဆင်လာခဲ့ပါတယ်။
Presentational white space
အက်ဇရာ မေးလာ
ဓာတ်ပုံ ပုံစာ, မျက်လုံးပေါင်းများစွာနဲ့ အထူးပြု မိတ်ကပ်အနုပညာ အစွမ်းကို ပြသသူက ရုပ်ရှင်မင်းသား အက်ဇရာ မေးလာဖြစ်ပါတယ်၊
ကေတီပယ်ရီ
ဓာတ်ပုံ ပုံစာ, အဆိုတော် ကေတီ ပယ်ရီက မီးဆိုင်းပဒေသာတခုလို ဝတ်စားဆင်ယင်ခဲ့ပါတယ်၊
ကာဒါရှန်မိသားစု
ဓာတ်ပုံ ပုံစာ, ဒီနှစ် ပြပွဲကို ဖြစ်ရပ်မှန် တီဗီဇာတ်လမ်းတွဲ တင်ဆက်ကြတဲ့ ကာဒါရှန် မိသားစုတွေ အင်နဲ့ အားနဲ့ တက်ရောက်လာပါတယ်
ပရီယန်ကာ ချိုပယာနဲ့ နစ်ဂျိုနာ့စ်
ဓာတ်ပုံ ပုံစာ, ပူပူနွေးနွေး လက်ထပ်ပြီးခါစ ပရီယန်ကာ ချိုပယာနဲ့ နစ်ဂိုနာ့စ်ဇနီးမောင်နှံ ၊ သူတို့ နှစ်ဦးဟာ ၂၀၁၇ Met Gala မှာ ပထမဆုံးစတွေ့ခဲ့ကြတာပါ၊
Presentational white space
ဆိုဖီ တာနာ
ဓာတ်ပုံ ပုံစာ, နစ်ဂိုနာ့စ်ရဲ့ အကိုကြီး ဂျိုးနဲ့ ဇနီးသစ် Game of Thrones က သရုပ်ဆောင် ဆိုဖီ တာနာ
ဒီပီကာ ပါဒူကုန်
ဓာတ်ပုံ ပုံစာ, အိန္ဒိယ ဘောလီးဝုဒ် ရုပ်ရှင်မင်းသမီး ဒီပီကာ ပါဒူကုန်ကတော့ ဘာဘီဒေါ ပန်းရောင်ဂါဝန်ကြီးကို ဝတ်ဆင်လာပါတယ်၊
Laverne Cox
ဓာတ်ပုံ ပုံစာ, Laverne Cox က မိတ်ကပ်ထူထူလိမ်းပြီး အနက်ရောင်တောက်တောက် ပွဲတက်ဝတ်စုံ ကိုဝတ်ဆင်ခဲ့ပါတယ်
Presentational white space
ဟယ်ရီစတိုင်းလ်
ဓာတ်ပုံ ပုံစာ, မှတ်မိလား၊ ဟယ်ရီစတိုင်းလ်ပါ သူက တတိယမြောက်အစီအစဉ်မှူးပါ၊ အနောက်ရောင်ဝတ်စုံ၊ ခါးရှည်ဘောင်းဘီနဲ့၊
Presentational white space
အလက်ဇမ်ဒရို မက်ခေလီ
ဓာတ်ပုံ ပုံစာ, ဂူချီ ဖက်ရှင်ဒီဇိုင်းနာ အလက်ဇမ်ဒရို မက်ခေလီလည်း ဒီပွဲမှာ အစီအစဉ်မှူးလုပ်ပါတယ်၊
Presentational white space
ဘီလီ ပေါ်တာ
ဓာတ်ပုံ ပုံစာ, လူအုပ်ကြီးရှေ့မှာ တောင်ပံခတ်ပြီး ဝင်လာသူကတော့ အဆိုတော် ဘီလီ ပေါ်တာပါ၊
ဂျော်ဒန်ရော့
ဓာတ်ပုံ ပုံစာ, ပြဇာတ်ခန်းမကြီးပုံစံဝတ်စုံနဲ့ ပြဇာတ်ရုံပိုင်ရှင် ဂျော်ဒန်ရော့
ဆီလိန်း ဒီယွန်
ဓာတ်ပုံ ပုံစာ, မူလ လက်ဟောင်း ဂီတဘုရင်မ ဆီလိန်း ဒီယွန်
Presentational white space
ဂျရက်လက်တို
ဓာတ်ပုံ ပုံစာ, ခေါင်းတစ်လုံးထက် နှစ်လုံးက ပိုကောင်းတယ်ဆိုတဲ့ ရုပ်ရှင်မင်းသား ဂျာရက် လက်တို
Presentational white space
အကွေရီယာ
ဓာတ်ပုံ ပုံစာ, ဆေးဆိုးထားတဲ့ဆံပင်၊လက်အလှပြင်မှုတွေနဲ့ အမေရိကန် ဒရက်ကွင်း အကွေရီယာ
ယာရာရှဟီဒီ
ဓာတ်ပုံ ပုံစာ, ငှက်မွေးဝတ်စုံနဲ့ ရုပ်ရှင်မင်းသမီး ယာရာရှဟီဒီ
Presentational white space
အင်နာဝင်တိုး
ဓာတ်ပုံ ပုံစာ, Vogue မဂ္ဂဇင်းအယ်ဒီတာ အင်နာဝင်တိုးဟာ Met Gala ရဲ့ ပင်တိုင် အစီအစဉ်မှူးဖြစ်ပါတယ်။