ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီတလီ မီးတောင်ပေါက်ချိန်မှာ ဘီဘီစီအဖွဲ့ ပိတ်မိ
အီတလီ တောင်ပိုင်း စစ္စလီ ကျွန်းက မောင့်အက်တနာ မီးတောင် ပေါက်ကွဲချိန်မှာ ပိတ်မိနေတဲ့ ဘီဘီစီ အဖွဲ့နဲ့ ခရီးသည် တချို့ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြပါတယ်။
ဆီးနှင်းနဲ့ရောနေတဲ့ ချော်ရည်ပူတွေ စီးကျ လာပြီးနောက် မီးတောင်ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အရပ် ၈ မျက်နှာစလုံးကို ကျောက်တုံး အပိုင်းအစတွေ လွင့်စင်ကျခဲ့ပါတယ်။
လူအများအပြား ပွန်းပဲ့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ချော်ရည်ပူတွေနဲ့ မီးလောင်နေတဲ့ ကျောက်လုံးကြီးတွေ လှိမ့်ဆင်းလာနေတဲ့ မီးတောင်ပေါ်က ပြေးဆင်းရတာဟာ ထပ်ကြုံချင်စရာ ကောင်းတဲ့ အတွေ့အကြုံ မဟုတ်ဘူးလို့ပဲ ဘီဘီစီ သိပ္ပံ သတင်းထောက် Rebecca Morelle က ဆိုပါတယ်။
မောင့်အက်တနာ ဟာ ကမ္ဘာပေါ်မှာ အလှုပ်ရှားဆုံး မီးတောင်တလုံးလည်း ဖြစ်ပါတယ်။