အမ်ဘာပေကို တရုတ်တွေဘာလို့ စိတ်ဆိုး

ဗီဒီယို ပုံစာ, အမ်ဘာပေကို တရုတ်တွေဘာလို့ စိတ်ဆိုး
အမ်ဘာပေကို တရုတ်တွေဘာလို့ စိတ်ဆိုး
ရေးသားခဲ့သည်။

ပြင်သစ်က ကမ္ဘာကျော်ဘောလုံးသမား ကီလီယန် အမ်ဘာပေက တရုတ်ခေါင်းဆောင် မော်စီတုန်းနဲ့ပတ်သက်လို့ သူပြောမိတဲ့ မှတ်ချက်က မစဥ်းစားပဲပြောမိတာဆိုပြီး တောင်းပန်လိုက်ပါတယ်။ အမ်ဘာပေဟာ ဘောလုံးလောကမှာ နာမည်ကြီး သြဇာကြီးသူမို့ သူ့ကို “အာဏာရှင်”လို့ စနောက်ခေါ်ကြတာတွေရှိပါတယ်။ သူ့ပုံကို ရုပ်ပြောင်တွေနဲ့ အွန်လိုင်းမှာ တင်ကြတာလည်းရှိပါတယ်။ ပြင်သစ် တီဗီနဲ့မေးမြန်းခန်းတစ်ခုမှာ သူ့ကို သူ့ရဲ့ရုပ်ပုံတွေထဲ ဘယ်ပုံကို အကြိုက်ဆုံးလဲလို့ မေးတဲ့အခါ သူက .. “သူ အရယ်မိဆုံးကတော့ တရုတ်ကအာဏာရှင်ထင်တယ် သူ့ပုံပါတဲ့ဗီဒီယို..” လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီသူ့အဖြေကို တရုတ်မှာ ကန့်ကွက်ပြစ်တင်မှုတွေ အများကြီးရှိခဲ့ပါတယ်။ မော်စီတုန်းဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ကြီးအဖြစ်နဲ့ တိုင်းပြည်ထဲမှာ ကြည်ညိုလေးစားသူတွေ အများကြီးရှိနေဆဲဖြစ်ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #တရုတ် #အမ်ဘာပေ #မော်စီတုန်း