ယူကရိန်းမှာ ဒဏ်ရာရစစ်သားကို ဒရုန်းနဲ့ ပထမဆုံးသယ်ထုတ်

ဗီဒီယို ပုံစာ, ယူကရိန်းမှာ ဒဏ်ရာရစစ်သားကို ဒရုန်းနဲ့ ပထမဆုံးသယ်ထုတ်
ယူကရိန်းမှာ ဒဏ်ရာရစစ်သားကို ဒရုန်းနဲ့ ပထမဆုံးသယ်ထုတ်
ရေးသားခဲ့သည်။

ကမ္ဘာ့ပထမဆုံးလို့ဆိုတဲ့ ဒရုန်းနဲ့စစ်မြေပြင်က ဒဏ်ရာရစစ်သားကို သယ်ထုတ်ခဲ့တဲ့အကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။ စစ်သည်ဒဏ်ရာရနေတဲ့ နေရာတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ရှိနေပြီး အနားမှာ ရုရှားဒရုန်းတွေလည်း ပျံတက်နေလို့ မြေပြင်ကသွားကယ်ဖို့ မဖြစ်နိုင်ဘူးလို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ နောက်ဆုံးတော့ ဟက်ဆာကော့ပတာတစ်စီးကို လွှတ်ပြီး မြေပြင်ထိန်းချုပ်ရေးစခန်းကမောင်းနှင်လို့ ခက်ခက်ခဲခဲနဲ့ ဒဏ်ရာရစစ်သည်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #ယူကရိန်း #ရုရှား #ဒရုန်း #နည်းပညာ