ဓားသိုင်းအက မီးနင်းအကတွေနဲ့ ဟိန္ဒူပွဲတော်
ဓားသိုင်းအက မီးနင်းအကတွေနဲ့ ဟိန္ဒူပွဲတော်
ရေးသားခဲ့သည်။
အိန္ဒိယ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ ကျင်းပနေတဲ့ ဟိန္ဒူရိုးရာ နာဝရာထရီပွဲတော်မှာ ပါဝင်သူတွေက မီးကျီးခဲတွေပေါ်နင်း၊ ဓားတွေ မီးတုတ်တွေဝှေ့ရမ်းကပြခဲ့ကြပါတယ်။ ဟင်ဒီလို နာဝရာထရီဆိုတာ ညကိုးညလို့ အဓိပ္ပာယ်ရပြီး မကောင်းဆိုးဝါးကို အောင်နိုင်တဲ့ အထိမ်းအမှတ်အဖြစ်
ဒါရ်ဂါနတ်သမီးကို ပူဇော်ကြတာလို့ဆိုပါတယ်။ ဒီပွဲကို ကျင်းပလာတာ ရာစုနှစ်ချီရှိပါပြီ၊ ဟိန္ဒူနဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေ အတူတူပါဝင်ဆင်နွှဲကြတဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ဟိန္ဒူ #မွတ်ဆလင် #အိန္ဒိယ



