ဆော်ဒီကာကွယ်ရေးအတွက် ဗြိတိသျှလေတပ်ကူမယ်

ဗီဒီယို ပုံစာ, ဆော်ဒီကာကွယ်ရေးအတွက် ဗြိတိသျှတော်ဝင်လေတပ်ကူမယ်
ဆော်ဒီကာကွယ်ရေးအတွက် ဗြိတိသျှလေတပ်ကူမယ်
ရေးသားခဲ့သည်။

ဗြိတိသျှ အစိုးရက ဆော်ဒီအာရေဗျရဲ့ ကာကွယ်ရေးကို ကူညီဖို့ ဗြိတိသျှ တော်ဝင် လေတပ်ကို စေလွှတ်မယ်လို့ ကြေညာပါတယ်။ ဒါဟာ ကာကွယ်ရေး လုပ်ငန်းစဉ်တွေ အတွက်သာ ဖြစ်ပြီး ဟူသီတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ယီမင်က ဟူသီ လက်နက်ကိုင်တွေဟာ အရှေ့အလယ်ပိုင်းဒေသတွင်းမှာ တိုက်ခိုက်မှုတွေ တိုးမြှင့်နေတာကြောင့် ဆော်ဒီမြို့တွေနဲ့ နိုင်ငံအတွက် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ရေး အတွက် တိုင်ဖွန်း တိုက်လေယာဉ်တွေ အသုံးပြုမှာ ဖြစ်ပါတယ် ဘီဘီစီ သတင်းထောက် ဂျိမ်းစ် လန်ဒေးလ်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။